နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အီရန် ကျောင်းများ အဆိပ်သင့်ခြင်းအတွက် သံသယရှိသူ ရာချီ ဖမ်းဆီး

 တီဟီရန်   မတ် ၁၃

 အီရန်နိုင်ငံရှိ ကျောင်းပရိဝုဏ် များတွင် ဆိုးရွားသည့်အနံ့အသက်များ ဖြစ်ပေါ်ကာ ကျောင်းသူများ အဆိပ်သင့် မှု ဖြစ်ပွားခဲ့သည့် ကိစ္စရပ်နှင့် ဆက်စပ်၍ သံသယရှိသူ ၁၀၀ ကျော်ကို ဖမ်းဆီး ထားကြောင်း အစိုးရက မတ် ၁၂ ရက် တွင် ကြေညာလိုက်သည်။ 

 နိုဝင်ဘာလနှောင်းပိုင်းကစပြီး ကျောင်း ပုရိဝုဏ်များအတွင်းဆိုးရွား သည့် အနံ့အသက်များမှ အဆိပ်သင့် မှုများဖြစ်လာခြင်းကြောင့် ကျောင်းသူ များ မူးမေ့ခြင်း၊ အော့အန်ခြင်း ၊ အသက် ရှူမဝခြင်းနှင့် အခြားရောဂါ လက္ခဏာ များကို ခံစားခဲ့ရပြီး အချို့ကျောင်းသူ များသည် ဆေးရုံတက်ရသည်အထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကျောင်း ၂၀၀ ကျော်တွင် ဖြစ်ပွား သည့် အဆိုပါသံသယဖြစ်ဖွယ် အဆိပ် ခတ်မှုနှင့် ပတ်သက်၍ လက်ရှိတွင် ဖမ်းဆီးမှုများ ပြုလုပ်ထားသော်လည်း ပြီးခဲ့သည့် ရက်သတ္တပတ်ကစ၍ကျောင်း များတွင် အဆိပ်သင့်မှုများ လျော့နည်း သွားကာ နေမကောင်းဖြစ်သူ လည်း မရှိတော့ကြောင်း အီရန် ပြည်ထဲရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန် ထားသည်။                      

 (ref: AFP)






အခြားဆက်စပ်သတင်းများ