နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကယ်လီဖိုးနီးယားတွင် မြစ်တာရိုးကျိုးကျမှုကြောင့် ဒေသခံများရွှေ့ပြောင်း

ကယ်လီဖိုးနီးယား မတ် ၁၃

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီး ယားပြည်နယ်မြောက်ပိုင်းရှိ ပါဂျာရို မြစ်တာရိုးရေကြီးမှုကြောင့် အနီး ဝန်း ကျင်တွင် နေထိုင်သော ဒေသခံ များကို ဘေးလွတ်ရာ ရွှေ့ပြောင်းရန် အာဏာပိုင်များက မတ် ၁၂ ရက်တွင် အသိပေးထားသည်။ 

မြစ်တာရိုးကျိုးသည့် နေရာသည် စတော်ဘယ်ရီခြံများ တည်ရှိရာ နေရာ ဖြစ်ပြီး လူပေါင်း ၁၅၀၀ ခန့်ကို နေရာ ရွှေ့ပြောင်းရန် တာဝန်ရှိသူများက ညွှန်ကြားထားကာ ဒေသခံ ၅၀ ကို အမျိုးသားအစောင့်တပ်နှင့် ကယ်ဆယ် ရေးအဖွဲ့များက နေရာရွှေ့ပြောင်း ပေး ထားကြောင်း သိရသည်။

မြစ်တာရိုးကျိုးသည့် အခြေအနေ သည် လက်ရှိတွင် အလွန် ဆိုးရွားလျက် ရှိကြောင်း ဒေသအာဏာပိုင်များက ပြောသည်။        (ref: Reuters)






အခြားဆက်စပ်သတင်းများ