နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အောင်လံဆောင်းမြေပဲအထွက်နှုန်းကောင်း ဈေးကောင်းရနေ

အောင်လံ  မတ်  ၁၃

အောင်လံမြို့၊ အရှေ့ကျေး ရွာများတွင် ဆောင်းမြေပဲများ ယခုနှစ်တွင် အထွက်နှုန်းကောင်း ပြီး ဈေးကောင်းရနေကြောင်း သိရသည်။

လက်ရှိတွင် အောင်လံမြို့ ပေါ်ရှိ သီးနှံကုန်စည်ဒိုင်ပွဲရုံများ သို့ ဆောင်းမြေပဲတောင့်များ အဆက်မပြတ်ဝင်နေပြီး ယင်း မြေပဲကို သုံးလမြေပဲဟု ခေါ်ကြ ကာ ယခုနှစ်တွင် တစ်ဧကလျှင် တင်း ၈၀ မှ ၁၀၀ ကျော်အထိ ထွက်ရှိကြောင်း သိရသည်။

ယခင်နှစ်က မြေပဲတောင့် အစိုတစ်တင်းလျှင် ကျပ် ၁၀,၀၀၀ ကျော်သာရှိခဲ့သော်လည်း ယခု နှစ်တွင် တစ်တင်းလျှင် ကျပ် ၂၂,၅၀၀ အထိ ပေါက်ဈေးရှိနေ သည်။

ဆောင်းမြေပဲများကို အောင် လံမြို့ အရှေ့ပိုင်းအင်းလယ်၊ နတ်မောက်၊ ရွှေပန်းတောကြီး ကျေးရွာများ၊ တုံ့ကြို့၊ ကျောက်ပုံ၊ ကျူဝပ်၊ တလုပ်ပင်ကျေးရွာများ တွင် အများဆုံး စိုက်ပျိုးကြ ကြောင်း သိရသည်။

008






အခြားဆက်စပ်သတင်းများ