နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကင်းမြို့နယ်အတွင်း သန့်ရှင်းသာယာသပ်ရပ်ရေးဆောင်ရွက်

ရန်ကင်းမြို့နယ်အတွင်း သန့်ရှင်းသာယာသပ်ရပ်ရေးအတွက် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၏ ကြီးကြပ်မှုဖြင့် စဉ်ဆက် မပြတ်ဆောင်ရွက်လျက်ရှိရာ မတ် ၁၂ ရက် မွန်းလွဲပိုင်းက မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၊ ဌာနများမှတွဲဖက်ဝန်ထမ်းများ ပူးပေါင်းအင်အား ၁၈ ဦးဖြင့် အမှတ် ၃ ရပ်ကွက်၊ ရန်ရှင်းလမ်းရှိ ရေမြောင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် ၃ ဒသမ ၅ တန်  Mini Backhoe ဖြင့် အမှိုက်နှင့်မြောင်းချေးများ ဆယ်ယူရှင်းလင်း ခြင်း၊ အမှတ် ၁၄ ရပ်ကွက်၊ မဟာဗောဓိလမ်းရှိ စည်းကမ်းမဲ့စွန့်ပစ် အမှိုက်များသိမ်းဆည်းခြင်း၊ သစ်ရွက်ခြောက်ကြွေများ၊ သဲ၊ ခဲများ လှည်းကျင်းရှင်းလင်းခြင်း၊ ထွက်ရှိအမှိုက်နှင့် မြောင်းချေးများကို ယာဉ်တစ်စီးဖြင့် သိမ်းဆည်းသယ်ယူ စွန့်ပစ်ခြင်းများ ဆောင်ရွက် ကြစဉ်။            ယဉ်မွန်






အခြားဆက်စပ်သတင်းများ