နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗဟန်းမြို့နယ်အတွင်း သန့်ရှင်းသာယာသပ်ရပ်ရေးဆောင်ရွက်

ဗဟန်းမြို့နယ်အတွင်း သန့်ရှင်းသာယာသပ်ရပ်ရေးအတွက် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးကြီးကြပ်မှုဖြင့် စဉ်ဆက် မပြတ်ဆောင်ရွက်လျက်ရှိရာ မတ် ၁၂ ရက် မွန်းလွဲပိုင်းက မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၊ ဌာနမှများတွဲဖက်ဝန်ထမ်းများ ပူးပေါင်း အင်အား ၃၀ ဦးဖြင့် ရွှေဂုံတိုင်လမ်း နံရံစောင်းဘေးရှိ ရွက်ကြွေနှင့် အမှိုက်များ သိမ်းဆည်းရှင်းလင်းခြင်း၊ အနောက်မြင်းပြိုင်ကွင်းလမ်း ရှိ စည်းကမ်းမဲ့စွန့်ပစ်အမှိုက်များ သိမ်းဆည်းခြင်း၊ သစ်ရွက်ခြောက်ကြွေများ၊ သဲ၊ ခဲများ လှည်းကျင်းရှင်းလင်းခြင်း၊ ဓမ္မစေတီလမ်းရှိ သစ်ပင်အောက်တက်များရှင်းလင်းခြင်း၊ မြက်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်း၍ သန့်ရှင်းရေးပြုလုပ်ခြင်း၊ ထွက်ရှိအမှိုက်များကို ယာဉ် တစ်စီးဖြင့် လိုက်လံသိမ်းဆည်းသယ်ယူစွန့်ပစ်ခြင်းများ ဆောင်ရွက်ကြစဉ်။

ယဉ်မွန်






အခြားဆက်စပ်သတင်းများ