နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လျှပ်စစ်သုံးယာဉ် အမြန်အားသွင်းနေရာတည်ဆောက်ရေးလုပ်ငန်းများ ဒုတိယမြို့တော်ဝန်လိုက်လံကြည့်ရှုစစ်ဆေး

ရန်ကုန် မတ် ၁၃

ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ဒုတိယ ဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီသည် အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ ဌာနမှူးများ နှင့်တာဝန်ရှိသူများ လိုက်ပါ လျက် ယနေ့နံနက်ပိုင်းက အင်ဂျင်နီယာဌာန (အဆောက် အအုံ)၏ ကြီးကြပ်မှုဖြင့် မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာ အဝေးပြေးယာဉ်နှင့်  

ကုန်တင်ယာဉ်ရပ်နားစခန်းဝင်း ဂိတ် ၄ နှင့် ဂိတ် ၃ အကြားနှင့် လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်၊ ဒဂုံ-ဧရာ အဝေးပြေး ယာဉ်နှင့် ကုန်တင်ယာဉ်ရပ်နား စခန်းဝင်းရှေ့တို့တွင် Myan-mar Brilliance Auto Co., Ltd. မှလည်းကောင်း၊ လှိုင်မြို့နယ် သီရိမင်္ဂလာဈေး၊ ယာဉ်ရပ်နားရန် နေရာတွင် Asia Pacific Automaker Corporation Co.,Ltd.မှ လည်းကောင်း၊ အလုံမြို့နယ် သခင်မြပန်းခြံရှေ့တွင် Chin Dwin Shan Construction Co., Ltd. မှလည်းကောင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်  ရန်ကုန်ဘူတာကြီးရှေ့ ပန်းဆိုး တန်းခုံးကျော် တံတားဘေးတွင် Essential Motors Co., Ltd.မှလည်းကောင်း၊ လျှပ်စစ်သုံး ယာဉ်များ အမြန်အားသွင်း နေရာ EV Fast Charging Station များတည်ဆောက်နေမှု ကို ကြည့်ရှုစစ်ဆေးပြီး စံချိန် စံညွှန်းနှင့်အညီ သတ်မှတ် ချိန်အတွင်း ပြီးစီးရေးနှင့် Station ဝန်းကျင်သန့်ရှင်း သာယာသပ်ရပ်ရေး ဆောင် ရွက်ရန် မှာကြားပြီး လိုအပ် သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

   သတင်း-မိုးဝေ/ဓာတ်ပုံ-ရွှေဝင်း






အခြားဆက်စပ်သတင်းများ