နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြို့တော်တည်ဆောက်ရေးလုပ်ငန်းများတွင် အသုံးပြုရန် Precast Concrete နည်းပညာ ရှင်းလင်းဆွေးနွေး

ရန်ကုန် မတ် ၁၃

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် မြို့ပြဖွံဖြိုးရေးအတွက် တည်ဆောက်ရေးလုပ်ငန်းအများအပြားတာဝန်ယူဆောင်ရွက်လျက်ရှိရာ တည်ဆောက်ရေးလုပ်ငန်းများတွင်အသုံးပြုရန်အတွက် Precast Concrete နည်းပညာနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်းကိုယနေ့ နံနက် ၁၁ နာရီက  ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမ ပထမထပ်ရှိ အစည်းအဝေး ခန်းမ ၄ ၌ ကျင်းပရာ ရန်ကုန် တိုင်းဒေသကြီး စည်ပင်သာ ယာရေးဝန်ကြီး၊ ရန်ကုန်မြို့ တော်စည်ပင်သာယာရေး ကော်မတီ၊ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ ဒုတိယမြို့တော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး၊ကော် မတီဝင်များ၊ ကော်မတီရှိ အင်ဂျင်နီယာဌာနများမှ  ဌာနမှူး များနှင့် အင်ဂျင်နီယာများ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အင်ဂျင်နီယာများ၊ Precast Concrete နည်းပညာအသုံးပြု နေသည့် ဂျပန်နိုင်ငံအခြေစိုက် I&H Engineering Co.,Ltd. မှ ပညာရှင်များနှင့်တာဝန်ရှိ သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ I&H Engineering Co.,Ltd. မန်နေဂျာဒေါ်အေ မွန်းဌေးလွင်နှင့် လက်ထောက် မန်နေဂျာ ဒေါ်မေပွင့်ဖြူတို့က Precast Concrete နည်း ပညာဖြင့် ထုတ်လုပ်သည့်  Spun Pile, Bridge Girder, Box Culvert နှင့် အခြား ထုတ်ကုန်များ၏ အသုံးဝင်မှု၊ ခိုင်ခံ့မှု၊ လုပ်ငန်းချိန် သက်သာမှု၊ သယ်ဆောင်ရန်လွယ်ကူမှုစသည်တို့ကိုအသေးစိတ်ရှင်းလင်းတင်ပြရာ တက်ရောက်လာသူများမှ သက်ဆိုင်ရာလုပ်ငန်းခွင်နှင့် ပတ်သက်၍သိလိုသည်များမေး မြန်းဆွေးနွေးကြသည်။

ထို့နောက် အပြန်အလှန် ဆွေးနွေးမှုများနှင့်စပ်လျဉ်း၍ မြို့တော်ဝန်နှင့် ကော်မတီဝင် များက လိုအပ်သည်များ ဖြည့် စွက်ဆွေးနွေးကြသည်။

သတင်း-မိုးဝေ၊ဓာတ်ပုံ-ရွှေဝင်း







အခြားဆက်စပ်သတင်းများ