နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပန်းဘဲတန်းမြို့နယ် သန့်ရှင်းသာယာသပ်ရပ်စေရေးဆောင်ရွက်

ပန်းဘဲတန်းမြို့နယ် သန့်ရှင်းသာယာသပ်ရပ်စေရေးအတွက် မတ် ၁၁ ရက်နံနက်ပိုင်းက ကျောက် တံတားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူးတို့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများ ပူးပေါင်းအင်အား ၇၉ ဦးဖြင့် အမှတ် ၁၁ ရပ်ကွက်၊ ၃၂ လမ်း (ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် အနော်ရထာလမ်းအကြား) တွင် စနေနေ့အထူးစုပေါင်းလုပ်အားပေးဆောင်ရွက်ရာတွင် သစ်ရွက်ကြွေများ အမှိုက်၊ သဲ၊ ခဲများ လှည်း ကျင်းရှင်းလင်းခြင်း၊ စည်းကမ်းမဲ့စွန့်ပစ်ပစ္စည်းများ သိမ်းဆည်းခြင်း၊ စည်းကမ်းမဲ့ကြော်ငြာများဖြုတ် သိမ်းခြင်း၊ အရိပ်ရပင်များပုံသွင်းဖြတ်ညှိခြင်း၊ လူသွားစင်္ကြံကတ်တုံးများ ချေးချွတ်ရေဆေးကြောခြင်း၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် လမ်းဘေးရေမြောင်းအတွင်းရှိ အမှိုက်နှင့် မြောင်းချေးများ ဆယ်ယူရှင်းလင်းခြင်း၊ ကိုဗစ် ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်း (Mask) များ ပေးဝေခြင်း၊ ထွက်ရှိအမှိုက်နှင့် မြောင်းချေးများအားယာဉ်တစ်စီးဖြင့် သိမ်းဆည်းသယ်ယူစွန့်ပစ်ခြင်း တို့ကိုဆောင်ရွက်ကြစဉ်။                

ယဉ်မွန်






အခြားဆက်စပ်သတင်းများ