နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒေါပုံမြို့နယ် သန့်ရှင်းသာယာသပ်ရပ်စေရေးဆောင်ရွက်

ဒေါပုံမြို့နယ် သန့်ရှင်းသာယာသပ်ရပ်စေရေးအတွက် မတ် ၁၁ ရက်နံနက်ပိုင်းက မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးတို့၏ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာ  ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများ ပူးပေါင်းအင်အား ၁၂၅ ဦးဖြင့်  ပုသိမ်မြေရပ်ကွက်၊ ယမုံနာလမ်း၊ ဒေါပုံတံတားအောက်တွင် စနေနေ့အထူးစုပေါင်းလုပ်အားပေး ဆောင်ရွက်ရာတွင် တံတားအောက် မြက်ပင်ချုံနွယ်များရှင်းလင်းခြင်း၊ အမှိုက်၊ သဲ၊ ခဲများ လှည်းကျင်း ရှင်းလင်း၍ သန့်ရှင်းရေးပြုလုပ်ခြင်း၊ တွယ်ကပ်ပင်များရှင်းလင်းခြင်း၊ စည်းကမ်းမဲ့နံရံဆေးဆွဲစာတန်း များ၊ အရုပ်ပုံများ၊ ထုံးသုတ်ဖျက်ပစ်ခြင်း၊ စည်းကမ်းမဲ့စွန့်ပစ်ပစ္စည်းများ သိမ်းဆည်းခြင်း၊ စည်းကမ်းမဲ့  ကြော်ငြာများ ဖြုတ်သိမ်းခြင်း၊ အရိပ်ရပင်များ ပုံသွင်းဖြတ်ညှိခြင်း၊ လူသွားစင်္ကြံကတ်တုံးများ ချေးချွတ်ရေဆေးကြောခြင်း၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းပြန်လည်တူးဖော်ခြင်း၊  ထွက်ရှိအမှိုက်များအားယာဉ်သုံးစီးဖြင့် သိမ်းဆည်းသယ်ယူစွန့်ပစ်ခြင်းတို့ကိုဆောင်ရွက်ကြစဉ်။

ယဉ်မွန်






အခြားဆက်စပ်သတင်းများ