နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လျှပ်စစ်သုံးယာဉ် အမြန်အားသွင်းနေရာများတည်ဆောက်ရေး ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရန်ကုန်မြို့တော်ဝန်နှင့် သယံဇာတရေးရာဝန်ကြီးတို့ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး

ရန်ကုန် မတ် ၁၂

ရန်ကုန်တိုင်းဒေသကြီး  စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေး ကော်မတီဥက္ကဋ္ဌ (မြို့တော် ဝန်) ဦးဗိုလ်ဌေးနှင့် သယံဇာတ ရေးရာဝန်ကြီး ဦးဇော်ဝင်းတို့ သည် ရန်ကုန်လျှပ်စစ်ဓာတ် အားပေးရေးကော်ပိုရေးရှင်း အမှုဆောင်အရာရှိချုပ် ဦးကျော် သူနှင့် တာဝန်ရှိသူများလိုက်ပါ လျက် ယနေ့နံနက်ပိုင်းက လှိုင် မြို့နယ်၊ ပါရမီလမ်း (ပြည်လမ်း နှင့် ရန်ကုန်တက္ကသိုလ် (လှိုင် နယ်မြေ) အဝင်လမ်းအကြား) အင်းလျားလေးကန်ပေါင် စိမ်း လန်းစိုပြည်ရေးအတွက် မြေယာ ရှုခင်းဆောင်ရွက်ထားမှု၊ အင်းလျား လေးကန်စပ်တစ်လျှောက် မြက်ခင်းနှင့် ပန်းအလှပင်များ တိုးချဲ့ စိုက်ပျိုးနေမှု၊ ကန်ရေပြင် ကြည်လင်သန့်ရှင်းရေးအတွက်  Aquamarine ယာဉ်ဖြင့် အမှိုက် များ၊ သစ်ရွက်ကြွေများနှင့် ရေမှော်များ ဆယ်ယူရှင်းလင်း နေမှုတို့ကိုကြည့်ရှုစစ်ဆေးပြီး  လိုအပ်သည်များ မှာကြားဖြည့် ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် မြို့တော်ဝန်၊  တိုင်း ဒေသကြီးဝန်ကြီးနှင့်အဖွဲ့သည် မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သွားရောက်၍ အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးဦးစီး ကော်မတီ၊ လျှပ်စစ် သုံးယာဉ်များပြေးဆွဲ၊ အသုံးပြု ရေးနှင့် အခြေခံအဆောက်အအုံ များ အကောင်ထည်ဖော်ရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဦးဝင်းဖေ ဦးဆောင်သောအဖွဲ့နှင့်လိုက်ပါ ကာ  လေဆိပ်ယာဉ်ရပ်နားကွင်း အတွင်း Asia World ကုမ္ပဏီ လီမိတက်က လျှပ်စစ်သုံးယာဉ် အမြန်အားသွင်းနေရာ (EV Fast Charging Station) တည် ဆောက်နေမှုကိုလည်းကောင်း၊ အောင်မင်္ဂလာအဝေးပြေးယာဉ် နှင့်  ကုန်တင်ယာဉ် ရပ်နားစခန်းဝန်း ဂိတ် ၄ နှင့် ဂိတ် ၃ အကြား အင်ဂျင်နီယာဌာန (အဆောက် အအုံ) ၏ကြီးကြပ်မှုဖြင့် Myanmar Brilliance Auto Co.,Ltd.မှ EV Fast Charging Station တည်ဆောက်နေမှုကို လည်းကောင်း၊ လိုက်လံကြည့်ရှု စစ်ဆေးပြီး သတ်မှတ်ချိန်ကာလ အတွင်း စံချိန်းစံညွှန်းအညီ ပြီးစီးအောင် ဆောင်ရွက်ရန်မှာ ကြားကာ လိုအပ်သည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများ နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

သတင်း-မိုးဝေ

ဓာတ်ပုံ-ကျော်သူထက်






အခြားဆက်စပ်သတင်းများ