နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း စာကြည့်တိုက်များအတွက် စာအုပ်လှူဒါန်းပွဲ တက်ရောက်

ရန်ကုန်  မတ်  ၁၂

ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင် မောင်အုန်းသည် ယမန်နေ့ နံနက် ပိုင်းတွင် မရမ်းကုန်းမြို့နယ်ရှိ Hotel Yangon ၌ စာရေးဆရာ မြင်းခြံကျော်အောင် (ခ) သန်း ထက်စံ၏ "ဘဝဇာတ်ခုံ ဖြစ်ရပ် စုံ" စာအုပ်များ ပြန်ကြားရေး ဝန်ကြီးဌာနသို့ ပေးအပ်လှူဒါန်း ပွဲအား တက်ရောက်သည်။

အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်း၊ အလင်္ကာကျော်စွာစည်သူ တက္က သိုလ်မြတ်သူနှင့် စာပေပညာရှင် များ၊ ဌာနဆိုင်ရာ အကြီးအကဲ များ၊ အလှူရှင်နှင့် ဖိတ်ကြား ထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းက ယခုလှူဒါန်းပေးသည့် "ဘဝ ဇာတ်ခုံ ဖြစ်ရပ်စုံ" စာအုပ်များ ကို ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ခရိုင်၊ မြို့နယ်နှင့် မြို့ရုံးများတွင်ဖွင့်လှစ် ထားသော ပြည်သူ့စာကြည့်တိုက် များသို့ ပေးပို့ပြီး စာကြည့်တိုက် လုပ်ငန်း စီမံခန့်ခွဲရေး လုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျ မှတ်ပုံတင်၍ ပြည်သူများ အလွယ် တကူ ဖတ်ရှုနိုင်စေရေး စင်တင် ပေးခြင်းနှင့် အခမဲ့ငှားရမ်းပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေး သွားမည်ဖြစ်သကဲ့သို့ ရွေ့လျား စာကြည့်တိုက် မော်တော်ယာဉ် ဖြင့် အခြေခံပညာကျောင်းများ နှင့် ရပ်ကွက်/ ကျေးရွာများသို့ သွားရောက်၍လည်း ငှားရမ်း ပေးသွားမည်ဖြစ်ပါကြောင်း။

လူမျိုးတစ်မျိုး၏ အခြေအနေ၊ အဆင့်အတန်းကို သိရှိလိုပါက ထိုလူမျိုးများ လေ့လာလိုက်စား သည့် စာပေ၊ အနုပညာ၊ ဂီတ များကိုကြည့်လျှင် သိရှိနိုင်မည် ဖြစ်ပါကြောင်း၊ စာပေထွန်းကား မှသာ ကမ္ဘာတွင် ယဉ်ကျေး သိမ်မွေ့ပြီး အသိအမြင်၊ ဗဟု သုတပြည့်စုံသည့်လူမျိုး၊ ယဉ်ကျေး သိမ်မွေ့ပြီး အသိအမြင်၊ ဗဟု သုတပြည့်စုံသည့်    လူ့ပတ်ဝန်းကျင်နှင့် ယဉ်ကျေးသိမ်မွေ့ ပြီး အသိအမြင်၊ ဗဟုသုတပြည့်စုံ သည့် နိုင်ငံ၏ လူ့စွမ်းအားအရင်း အမြစ်များဖြစ်သည့် ပညာရှင် များ ပေါ်ထွက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဖွံ့ဖြိုးတိုးတက်သည့် လူမျိုး၊ ဖွံ့ဖြိုးတိုးတက်သည့် လူ့ ပတ်ဝန်းကျင်နှင့် ဖွံ့ဖြိုးတိုးတက် သည့်နိုင်ငံ ဖြစ်လာစေရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ များ တိုးတက်လာစေရေးအတွက် ပြည်သူတိုင်း စာဖတ်ကြပြီး စာ ဖတ်ခြင်းဖြင့် မိမိဘဝ၊ မိသားစု ဘဝ၊ မိမိပတ်ဝန်းကျင်နှင့် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ တွင် တစ်ဖက်တစ်လမ်းမှ ပါဝင် ဆောင်ရွက်နိုင်ကြပါစေကြောင်း ပြောကြားသည်။

ထို့နောက် အလှူရှင် စာရေး ဆရာ မြင်းခြံကျော်အောင် (ခ) သန်းထက်စံက လှူဒါန်းရသည့် ရည်ရွယ်ချက်များနှင့် စပ်လျဉ်း ၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းထံ မြင်းခြံကျော်အောင် (ခ) သန်း ထက်စံက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက် ၄၁၀ အတွက် စာအုပ် ၄၁၀ ကို ပေးအပ် လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး က လက်ခံရယူပြီး ဂုဏ်ပြုမှတ် တမ်းလွှာ ပြန်လည်ပေးအပ်သည်။

ထို့နောက် အလင်္ကာကျော်စွာ စည်သူ တက္ကသိုလ်မြတ်သူက လှူဒါန်းပွဲနှင့်ပတ်သက်၍ မုဒိတာ စကားပြောကြားသည်။

အောင်မြင့်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ