နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အလုပ်သမားများအတွက် ကိုယ်ပိုင်မြို့တစ်မြို့ တည်ဆောက်ရန် ဘီလျံနာ အီလွန်မတ်ခ် စီစဉ်

တက္ကဆက်  မတ် ၁၁

ဘီလျံနာသူဌေးကြီး အီလွန်မတ်ခ် သည် တက္ကဆက်ပြည်နယ်တွင် ယင်း ၏ အလုပ်သမားများအတွက် စနေး ဘရွတ်ဟု  အမည်ပေးထားသည့် ကိုယ်ပိုင်မြို့တစ်မြို့ တည်ဆောက်ရန် စီစဉ်နေကြောင်း သိရသည်။

အီလွန်မတ်ခ်  ပိုင်ဆိုင်သော ဘိုးရင်းဆောက်လုပ်ရေးကုမ္ပဏီ၏ အကြီးအကဲများအဖွဲ့သည် အဆိုပါ စနေးဘရွတ်မြို့ကို တက္ကဆက် ပြည်နယ်  မြို့တော် အော်စတင်၏ အပြင်ဘက်  ၃၅ မိုင် အကွာရှိ ဘတ်စထရွပ် ကောင်တီတွင် တည် ဆောက်ရန် ဆွေးနွေးနေကြောင်း သိရသည်။

မြို့တည်ဆောက်ရန်အတွက် လယ်ဧကပေါင်း ၃၅၀၀ ထက်မနည်း ဝယ်ယူထားပြီးဖြစ်ကာ အဆိုပါ ပရော့ဂျက် အောင်မြင်ပါက မက်ခ် သည် ယင်း၏ အလုပ်သမားများ အတွက် တစ်လလျှင် ဒေါ်လာရှစ်ရာ သာ ကျသင့်မည့် အိပ်ခန်း သုံးခန်းပါ ရှိသော နေအိမ်များ ကို ဆောက်လုပ် ပေးနိုင်မည် ဖြစ်သည်။ 

အဆိုပါမြို့တွင် အီလွန်မက်ခ် ပိုင်ဆိုင်သော ဘိုးရင်း၊ တက်စလာ နှင့် စပေ့အိတ်စ် ကုမ္ပဏီများမှ ဝန်ထမ်း များ အတူတကွ နေထိုင်ကာ အလုပ် လုပ်နိုင်မည်ဖြစ်ပြီး လက်ရှိတွင် မြို့ တည်ဆောက်ရန် အပြီးသတ် အစီ အစဉ်များ ထွက်ပေါ်လာခြင်းမရှိသေး ကြောင်း ဆွေးနွေးပွဲများနှင့် ရင်းနှီးသူ တစ်ဦးက ပြောသည်။

ဘတ်စထရွပ် ကောင်တီတွင် မြို့တည်ဆောက်လိုပါက အနည်းဆုံး ဒေသခံ ၂၀၁ ဦးနှင့် ကောင်တီ တရား သူကြီးထံမှ ခွင့်ပြုချက် ရယူရမည် ဖြစ်သည်။   

(ref: Daily Mail)






အခြားဆက်စပ်သတင်းများ