နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တောင်ကိုရီးယားသမ္မတ ဂျပန်သို့ သွားမည်

တိုကျို မတ် ၁၁

တောင်ကိုရီးယားသမ္မတ ယွန်း ဆက်ယိုလ်သည်  ဆွေးနွေးပွဲများ ကျင်းပရန်အတွက် လာမည့် မတ် ၁၆ ရက် နှင့် ၁၇ ရက်များတွင် ဂျပန်နိုင်ငံ တိုကျိုမြို့တော်သို့ လာရောက်မည် ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ က ထုတ်ပြန်ပြောကြားသည်။

တောင်ကိုရီးယား သမ္မတ ယွန်း သည် ဂျပန်အစိုးရ၏ ကမ်းလှမ်း ချက်ကြောင့် လာရောက်မည် ဖြစ်ပြီး ယခုခရီးစဉ်သည် ဂျပန်နှင့် တောင် ကိုရီးယား အိမ်နီးချင်း နှစ်နိုင်ငံ ကြား ဆက်ဆံရေးများကို ခိုင်မာလာစေမည့် အခွင့်အလမ်းတစ်ရပ်ဖြစ်ရန် မျှော်လင့် ကြောင်း မစ္စတာ ကီရှီဒါ က ပြော သည်။

တောင်ကိုရီးယားခေါင်းဆောင်ကို ဂျပန်အစိုးရ၏ ဖိတ်ကြားမှုသည် သမ္မတယွန်းဆက်ယိုလ် တာဝန်ယူပြီး နောက်ပိုင်း နှစ်နိုင်ငံဆက်ဆံရေး အနီးကပ်ရှိသည့် ပြယုဂ်တစ်ခု ဖြစ် ကြောင်း ဂျပန်အစိုးရအဖွဲ့ အတွင်း ရေး မှူးချုပ် ဟီရိုကဇု မာဆွတ်နိုက ပြော သည်။ 

၁၉၁၀-၄၅ ကိုလိုနီခေတ်အတွင်း ဂျပန်၏ အတင်းအဓမ္မ အလုပ်စေခိုင်း ခံခဲ့ရသည့် တောင်ကိုရီးယား အလုပ် သမားများကို နစ်နာကြေးပေးရန် တောင်ကိုရီး ယားအစိုးရက ဒေသတွင်း ရန်ပုံငွေ ကောက်ခံပေးမည်ဟု ပြော ကြားပြီးနောက် သုံးရက် အကြာတွင် သမ္မတယွန်း၏ ဂျပန် ခရီးစဉ် ထွက်ပေါ် လာခြင်းဖြစ်သည်။                                  

(ref: AFP)






အခြားဆက်စပ်သတင်းများ