နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တာမွေမြို့နယ်အတွင်း သန့်ရှင်းသာယာသပ်ရပ်စေရေးဆောင်ရွက်

တာမွေမြို့နယ်အတွင်း သန့်ရှင်းသာယာသပ်ရပ်စေရေးအတွက် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေး မှူး၏ ကြီးကြပ်မှုဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ မတ် ၁၀ ရက်၊ နံနက်ပိုင်းက မြို့နယ်    စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးနှင့် ဌာနများမှ တွဲဖက်ဝန်ထမ်းများ ပူးပေါင်းအင်အား ၁၀ ဦးဖြင့် လေးထောင့်ကန်လမ်းတွင် ရေစီးရေလာကောင်းမွန်စေရေးအတွက် အုတ်ရေမြောင်းအတွင်းရှိ ပိတ်ဆို့ မြေသားနုန်းများ တူးဖော်ရှင်းလင်းခြင်း၊ လူသွားစင်္ကြံရှိ အရိပ်ရပင်များ၏ အောက်တက်များရှင်းလင်း ခြင်း၊ အုပ်မိုးကိုင်းများ ဖြတ်ညှိပုံသွင်းအလင်းဖွင့်ခြင်း၊ ရေမြောင်းမြေထိန်းနံရံ ပျက်စီးနေမှုများအား ပြုပြင်ဆောင်ရွက်ခြင်း၊ ထွက်ရှိအမှိုက်များအား ယာဉ်တစ်စီးဖြင့် သိမ်းဆည်းသယ်ယူစွန့်ပစ်ခြင်းတို့ ကို ဆောင်ရွက်ကြစဉ်။                                                              ယဉ်မွန်







အခြားဆက်စပ်သတင်းများ