နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်း ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များအတွက် စာအုပ်များလှူဒါန်း

ရန်ကုန်   မတ်   ၁၁

မြန်မာနိုင်ငံ စာကြည့်တိုက် များဖောင်ဒေးရှင်းက ရန်ကုန် တိုင်းဒေသကြီး စာကြည့်တိုက် များအတွက် စာအုပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် ရန်ကုန်မြို့ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန လူထုအခြေပြုဗဟို ဌာနခန်းမ၌ ကျင်းပရာပြန်ကြား ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ မြန်မာ နိုင်ငံစာကြည့်တိုက်များ ဖောင် ဒေးရှင်းနာယက ဦးကျော်ဆန်း နှင့်ဥက္ကဋ္ဌဦးညွန့်ဆွေ၊ ဝန်ကြီးဌာန အောက်ရှိ     ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများ၊ မြန်မာ နိုင်ငံစာကြည့်တိုက် ဖောင်ဒေး ရှင်း ဗဟိုအလုပ်အမှုဆောင်များ၊ ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်မှူးများတက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အဖွင့် အမှာစကားပြောကြားရာတွင် ပြည်သူများနှင့်လူငယ်များ စာပေ လေ့လာဖတ်ရှုခြင်းဖြင့်  အသိ ပညာ၊ ဗဟုသုတတိုးပွားလာစေ ရန်၊ အချိန်ကိုအကျိုးရှိစွာအသုံး ချနိုင်စေရန်၊ အမှန်နှင့်အမှားကို ဝေဖန်ပိုင်းခြားနိုင်ပြီး ယဉ်ကျေး သိမ်မွေ့၍ ကိုယ်ကျင့်တရားကောင်းမွန်စေရန်နှင့်နိုင်ငံတော် ကို အကျိုးပြုမည့်သားကောင်း၊သမီးကောင်းများပေါ်ထွန်းလာစေရန်အတွက် ခရိုင်၊ မြို့နယ် များတွင် ပြည်သူ့စာကြည့်တိုက် ၄၀၀ ဖွင့်လှစ်၍ စာအုပ်များ အခမဲ့ ငှားရမ်းပေးခြင်း လုပ်ငန်းကို ဌာန စတင်ဖွဲ့စည်းစဉ်ကတည်း ကအဓိကအလုပ်တစ်ခုအဖြစ် အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိပါကြောင်း၊ ပြည်သူ များ စာဖတ်ရှိန်မြှင့်တင်ရေး အတွက်ပြည်သူ့စာကြည့်တိုက် လုပ်ငန်းနှင့်အတူ  ရွေ့လျား စာကြည့်တိုက်မော်တော်ယာဉ် များဖြင့် အခြေခံပညာကျောင်း များနှင့်ရပ်ကွက်/ကျေးရွာများသို့ စာအုပ်စာစောင်များအခမဲ့ငှား ရမ်းပေးလျက်ရှိပါကြောင်း ပြော ကြားသည်။

ထို့နောက် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း က မုဒိတာစကားပြောကြား သည်။

ယင်းနောက် မြန်မာနိုင်ငံစာ ကြည့်တိုက်များ ဖောင်ဒေးရှင်း နာယက ဦးကျော်ဆန်းက မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်း၏ လုပ်ငန်းဆောင် ရွက်ချက်များကို ရှင်းလင်းပြော ကြားသည်။

ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့်    တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က ရန်ကုန်တိုင်း ဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီက လှူ ဒါန်းသည့် အလှူငွေကျပ်သိန်း ၅၀ အားပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးညွန့်ဆွေ က လက်ခံရယူသည်။

ထို့နောက်   မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်း ဥက္ကဋ္ဌဦးညွန့်ဆွေက အရှေ့ပိုင်း၊ အနောက်ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်းခရိုင်   ရပ်ကွက် ကျေးရွာ  စာကြည့်တိုက်များ အတွက် စာအုပ်များပေးအပ်လှူ ဒါန်းရာသက်ဆိုင်ရာစာကြည့်တိုက်မှူးများကလက်ခံရယူကြသည်။

ဆက်လက်၍ မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်း သို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဒေါက်တာအောင်ကြီး ကိုယ်တိုင်ရေးသားထုတ်ဝေခဲ့ သော ရင်ထဲကအဖေနှင့် ပတ် သက်သည့်စာအုပ် ၂၀၀ နှင့် စိုက်/ မွေး/ ဆည်စာအုပ် ၂၀၀ စုစုပေါင်း ၄၀၀ ကိုပေးအပ် လှူဒါန်းရာ မြန် မာနိုင်ငံစာကြည့် တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးညွန့်ဆွေက လက်ခံရယူသည်။

ထို့နောက် သင်္ဃန်းကျွန်း မြို့နယ်၊ စိတ်အဟာရ စာကြည့် တိုက် စာကြည့်တိုက်မှူး ဒေါ်အေး အေးစိုးက ကျေးဇူးတင်စကား ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီး ချုပ်နှင့်တာဝန်ရှိသူများက မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းသို့လှူဒါန်းသည့်စာအုပ်များကိုကြည့်ရှုကြသည်။

ထို့နောက် ပြည်ထောင်စု ဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီး ချုပ်နှင့်တိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝင် ဝန်ကြီးများသည် ရန်ကုန် မြို့ သမ္မတရုပ်ရှင်ရုံတွင်ပြသ နေသည့်The Teacher ရုပ်ရှင် ဇာတ်ကားပြသနေမှုကို သွား ရောက်ကြည့်ရှုအားပေးခဲ့ ကြောင်း သိရသည်။

ဆန်းကျော်ဦး(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ