နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရွှေပြည်သာမြို့နယ်အတွင်း သန့်ရှင်းသာယာသပ်ရပ်စေရေးဆောင်ရွက်

ရွှေပြည်သာမြို့နယ်အတွင်း  သန့်ရှင်းသာယာသပ်ရပ်စေရေးအတွက် မတ် ၁၁ ရက်နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးတို့ကြီးကြပ်၍ ဌာန ဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများ ပူးပေါင်းအင်အား ၄၀ ဦးဖြင့် အမှတ် ၅ ရပ်ကွက်၊ ပုလဲလမ်း (ဗိုလ်ချုပ်အောင်ဆန်းလမ်းမှ "ဠ"သတ်ရိုးချောင်းအထိ) တွင်  စနေနေ့  အထူးစုပေါင်းလုပ်အားပေးဆောင်ရွက်ကြရာ လမ်းတစ်လျှောက် မြက်ပင်ချုံနွယ်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ စည်းကမ်းမဲ့စွန့်ပစ်အမှိုက်များ သိမ်းဆည်းခြင်း၊ သစ်ရွက်ခြောက်ကြွေများနှင့် သဲ၊ ခဲ များလှည်းကျင်းရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းပြန်လည်တူးဖော် ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် သီရိမာလာစျေးရေလှောင်ကန်အား အဘိတ်ဆေးခတ်ခြင်း၊ ကိုဗစ်၁၉ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်း (Mask) များပေးဝေ ခြင်း၊ အစားအစာဘေးကင်းလုံခြုံစေရေးနှင့် ဆိုးဆေး၊ ဖော်မလင်၊ ဓာတုဆေးဝါများမသုံးစွဲစေရေး အတွက် လက်ကမ်းစာစောင်များပေးဝေခြင်း၊ ပညာပေးပိုစတာများချိတ်ဆွဲခြင်း၊ ထွက်ရှိအမှိုက်များ အား ယာဉ်တစ်စီးဖြင့် သိမ်းဆည်းသယ်ယူစွန့်ပစ်ခြင်းတို့ကို စုပေါင်းလုပ်အားပေး ဆောင်ရွက် ကြစဉ်။

ယဉ်မွန်







အခြားဆက်စပ်သတင်းများ