နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြို့တော်သန့်ရှင်းသာယာသပ်ရပ်ရေး စနေအထူးစုပေါင်းလုပ်အားပေး ဒုတိယမြို့တော်ဝန် ဦးညီညီ ကွင်းဆင်းစစ်ဆေး

ရန်ကုန် မတ် ၁၁

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့်  ရန်ကုန်မြို့တော်သန့်ရှင်းသာ ယာ  သပ်ရပ်ရေးအတွက် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းလုပ်အား  ပေးဆောင်ရွက်လျက်ရှိရာ  ယနေ့နံနက်ပိုင်းက ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ(ဒုတိယ မြို့တော်ဝန်) ဦးညီညီသည် အတွင်းရေးမှူး၊ ကော်မတီဝင် များ၊ ဌာနမှူးများနှင့် တာဝန်ရှိ သူများလိုက်ပါလျက် တာမွေ၊ သင်္ဃန်းကျွန်း၊  တောင်ဥက္ကလာပ နှင့် ရန်ကင်းမြို့နယ်များအတွင်း သန့်ရှင်းသာယာသပ်ရပ်ရေး အတွက် စုပေါင်းလုပ်အားပေး ဆောင်ရွက်နေမှုများကို ကွင်းဆင်း ကြည့်ရှုစစ်ဆေး၍ လိုအပ်သည် များမှာ ကြားဖြည့်ဆည်းဆောင် ရွက်ပေးသည်။

ရှေးဦးစွာ ဒုတိယမြို့တော်ဝန်  နှင့်အဖွဲ့သည် နံနက် ၇ နာရီ တွင် တာမွေမြို့နယ်၊ လေးထောင့် ကန်လမ်းသို့ သွားရောက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေး မှူးတို့ကြီးကြပ်၍  ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှု အဖွဲ့အစည်းများ၊ ရပ်ကွက်နေ ပြည်သူများ၊ ပူးပေါင်းအင်အား ၈၀ ဦးဖြင့် လမ်းတစ်လျှောက် လမ်းဘေးဝဲယာ မြက်ပင်ချုံနွယ် များ ရှင်းလင်းနေမှု၊ မြေယာ ရှုခင်း ဆောင်ရွက်ရန် မြေပြု ပြင်ရှင်းလင်းနေမှုနှင့် အမှိုက်၊ သဲ၊ ခဲများလှည်းကျင်းရှင်းလင်း နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီးလိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ ဒုတိယ မြို့တော်ဝန်နှင့်အဖွဲ့သည် တောင်ဥက္ကလာပမြို့နယ်၊ ဝေဇ ယန္တာလမ်းနှင့် ရတနာလမ်း ထောင့်သို့ သွားရောက်၍သင်္ဃန်း ကျွန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ခရိုင်စည်ပင်  သာယာအုပ်ချုပ်ရေးမှူးတို့ ကြီးကြပ်၍ ဌာနဆိုင်ရာဝန်ထမ်း များ၊ လူမှုအဖွဲ့အစည်းများ၊ ရပ်ကွက်နေပြည်သူများ၊ ပူးပေါင်း အင်အား ၁၂၀ ဦးဖြင့် ဝေဇယန္တာ လမ်း (ရတနာလမ်းနှင့် လေး ထောင့်ကန်လမ်းအကြား) လမ်း လယ်ကျွန်းပေါ်ရှိ မြက်များ ဖြတ်ညှိနေမှု၊ လမ်းတစ်လျှောက်  လမ်းဘေးဝဲယာနှင့် လမ်းလယ် ကျွန်းကတ်တုံးများနှင့် လမ်း သားအကြား အမှိုက်၊ သဲ၊ ခဲများ  လှည်းကျင်း ရှင်းလင်းနေမှု၊ ဝေဇယန္တာလမ်း ရေမြောင်းနှင့် ရတနာလမ်း ရေမြောင်းများ အတွင်းရှိ အမှိုက်နှင့် မြောင်းချေး များ ဆယ်ယူရှင်းလင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များ မှာကြားသည်။

ထိုမှတစ်ဆင့် ဒုတိယမြို့တော် ဝန်နှင့်အဖွဲ့သည် ရန်ကင်းမြို့ နယ်၊ ရန်ကင်းလမ်းနှင့် ရန်ရှင်း လမ်းဆုံသို့ သွားရောက်၍ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးတို့ ကြီးကြပ်၍ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှု အဖွဲ့အစည်းများ၊ ရပ်ကွက်နေ ပြည်သူများ၊ ပူးပေါင်းအင်အား  ၁၀၀ ဦးဖြင့် လမ်းတစ်လျှောက် လမ်းဘေးဝဲယာ အမှိုက်၊ သဲ၊ ခဲများ လှည်းကျင်းရှင်းလင်းနေမှု၊ ရန်ကင်းလမ်း ရေမြောင်းနှင့် ရန်ရှင်းလမ်း ရေမြောင်းများ အတွင်းရှိ အမှိုက်နှင့်မြောင်းချေး များ ဆယ်ယူရှင်းလင်းနေမှု တို့ကို ကြည့်ရှုစစ်ဆေးပြီး လို အပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ အဆိုပါ လမ်းဆုံရေမြောင်းသည် ရန်ကင်း လမ်း ရေမြောင်းမှတစ်ဆင့် ခုနစ်ပင်လိမ်ချောင်းအတွင်းသို့ လည်းကောင်း၊ ရန်ရှင်းလမ်း ရေမြောင်းမှတစ်ဆင့် ဂျိုးဖြူ ရေပိုက်လိုင်းဘေးရေမြောင်း ကြီးမှတစ်ဆင့် ခုနစ်ပင်လိမ် ချောင်းအတွင်းသို့လည်းကောင်း အသီးသီး စီးဆင်းလျက်ရှိရာ အဆိုပါရေမြောင်းများ ရေစီး ရေလာ ကောင်းမွန်ခြင်းဖြင့် ၎င်းရေမြောင်းများသို့ စီးဝင် သည့် ရန်ကင်းမြို့နယ်၊ အမှတ် ၂၊ အမှတ် ၃၊ အမှတ် ၄၊ အမှတ် ၅ နှင့်အမှတ် ၆ ရပ်ကွက်များ အတွင်း ရေကြီးရေလျှံမှုကို ကာကွယ်နိုင်မည်ဖြစ်ကြောင်း  သိရသည်။

သတင်း-ကျော်သူထက်

ဓာတ်ပုံ-မိုးဝေ






အခြားဆက်စပ်သတင်းများ