နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကော့မှူးမြို့နယ် သန့်ရှင်းသာယာလှပရေး အပတ်စဉ် စုပေါင်းဆောင်ရွက်

ရန်ကုန်၊ မတ်  ၁၁

ကော့မှူးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော် ဒေဝ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်း သန့်ရှင်းရေးကို မတ် ၁၁ ရက်၊ နံနက်ပိုင်းက ဘုရားလမ်းရပ်ကွက်၊ တောရကျောင်းတိုက်အတွင်း စုပေါင်းဆောင်ရွက်နေကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် တောရကျောင်းတိုက်အတွင်းရှိ မိဂဒါ ဝုန် ဓမ္မာရုံကြီးတွင် အမြင်မတင့်တယ်သည့် အမှိုက်သရိုက်များ ရှင်းလင်းခြင်း၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီး ရေလာကောင်းမွန်စေရေးအတွက် ရေနုတ်မြောင်းများ ဆယ်ယူ ရှင်းလင်းခြင်းနှင့် ဓမ္မာရုံကြီးအတွင်း၊အပြင် သန့်ရှင်းရေးကို မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်  ကျေးရွာနေပြည်သူများက စုပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။

ကျော်သူရ(ကော့မှူး)






အခြားဆက်စပ်သတင်းများ