နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာ့ရော်ဘာ ၉၂ ရာခိုင်နှုန်း ပြည်ပသို့ တင်ပို့

ရန်ကုန်  မတ်  ၁၀

မြန်မာ့ရော်ဘာ စိုက်ဧက သည် တစ်နိုင်ငံလုံးအတိုင်းအတာ အရ တစ်သန်းခြောက်သိန်းကျော် ရှိပြီး ဧက ရှစ်သိန်းကျော်မှ တစ်နှစ်ကို တန်ချိန်သုံးသိန်းကျော် ထုတ်လုပ်လျက်ရှိကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းမှ  သိရှိရသည်။

ယင်းတို့မှ ပြည်တွင်းရော်ဘာ ထုတ်လုပ်မှု၏ ၉၂ ရာခိုင်နှုန်း ထိ ပြည်ပနိုင်ငံများသို့ တင်ပို့ လျက်ရှိပြီး ၇၅ ရာခိုင်နှုန်းကို  တရုတ်နိုင်ငံသို့ အများဆုံး တင်ပို့ လျက်ရှိကြောင်း သိရသည်။

ကျန် ၁၇ ရာခိုင်နှုန်းသည် အင်ဒိုနီးရှား၊ စင်ကာပူ၊ ဂျပန်၊ အိန္ဒိယနိုင်ငံများအပြင် တရုတ် (တိုင်ပေ) သို့ တင်ပို့နေရပြီး ပြည်တွင်းမှ ၈ ရာခိုင်နှုန်းမျှသာ  သုံးစွဲလျက်ရှိကြောင်း  မြန်မာ နိုင်ငံ  ရော်ဘာစိုက်ပျိုး ထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းမှ  သိရှိရသည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၂၂- ၂၃ ဘဏ္ဍာနှစ် ၂၀၂၂ ဧပြီမှ ၂၀၂၃ ဖေဖော်ဝါရီထိ ၁၁ လ တာကာလအတွင်း ရော်ဘာ ပြည်ပတင်ပို့မှုသည် ဒုတန်ချိန် ၂ သိန်းကျော်ရှိကြောင်း သိရှိရ သည်။

ရော်ဘာကို တနင်္သာရီတိုင်း  ဒေသကြီးနှင့် မွန်ပြည်နယ်တို့၌ အများဆုံး စိုက်ပျိုးလေ့ရှိပြီး  ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီးနှင့် ကရင်ပြည်နယ် တို့မှာလည်း စိုက်ပျိုးလေ့ရှိ ကြောင်း သိရှိရသည်။

အဆိုပါ မြန်မာ့ရော်ဘာ လုပ်ငန်းအများစုသည် မုတ်သုံ လေ စတင်ဝင်ရောက်ချိန်မှ မိုးလေကင်းလွတ်ချိန်ဖြစ်သည့် မေလကုန်ပိုင်းမှ စက်တင်ဘာ လကုန်ပိုင်းအထိ အထွက်နှုန်း  ကျဆင်းခြင်းကြောင့် ရော်ဘာ အစေးခြစ်လုပ်ငန်း ရပ်နားသည့် ခြံပိတ်ရာသီ (ရော်ဘာစိုက်ရာသီ) အဖြစ် သတ်မှတ်သွားလေ့ရှိ ကြောင်း ရော်ဘာစိုက်ပျိုးလုပ်ငန်း ရှင်များထံမှ သိရှိရသည်။

အောင်မြင့်ဌေး

(မြို့တော်သတင်း)







အခြားဆက်စပ်သတင်းများ