နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
City Taxi ယာဉ်များတွင် Smart Meter များ တပ်ဆင်မည်

ရန်ကုန်  မတ်  ၁၀

ရန်ကုန်မြို့တွင်း ပြေးဆွဲ နေသည့် City Taxi ယာဉ်များ စနစ်တကျ လုံခြုံမှုရှိစွာ ပြေးဆွဲ နိုင်ရန်နှင့် သင့်တင့်မျှတသည့် ဈေးနှုန်း ဖြစ်ပေါ်လာစေရန် ရည်ရွယ်ပြီး City Taxi ယာဉ် များတွင် နည်းပညာမြင့် Smart Meter များတပ်ဆင်ပြေးဆွဲရ မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ ဆောင်ရေးကြီးကြပ်မှု ကော်မတီ YRTC  ကသိရသည်။

၂၀၁၅ ခုနှစ်၊ ဇွန် ၁၈ ရက် တွင် ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက မော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲရေးနည်း ဥပဒေ ၂၈၊ င အရ ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်များ ကြီးကြပ်မှု ကော်မတီသည် အဌားယာဉ် Taxi များအားလုံး မီတာဖြင့် အသုံးပြုနိုင်ရေး၊ ခေတ်မီနည်း စနစ်များ တပ်ဆင်အသုံးပြုနိုင် ရေး အောင်မြင်အောင်ဆောင် ရွက်ရမည်ဆိုသည့် အတည်ပြု ပြဌာန်းချက်အတိုင်း ရန်ကုန်တိုင်း ဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ ဆောင်ရေး      ကြီးကြပ်မှုကော်မတီ YRTC က ဆောင်ရွက်ခြင်းဖြစ်ကြောင်း YRTC က တာဝန်ရှိသူ တစ်ဦး က ပြောသည်။

"ကျွန်တော်တို့ YRTC အနေ နဲ့ သင့်တင့်မျှတတဲ့နှုန်းထား တစ်ခု                  သတ်မှတ်ပြီးတော့ တက်တက် ချင်းကို ဘယ်လောက်ကောက် မလဲ ကီလိုမီတာအလိုက် ဘယ် လောက်ကောက်မလဲဆိုတာကို ဆာဗေးလုပ်ထားတာရှိပါတယ်၊ သင့်တင့်မျှတတဲ့ဈေးနှုန်းနဲ့ စီးနင်းနိုင်ဖို့ ဆာဗေးလုပ်ပြီး တွက်ချက်ဆောင်ရွက်တာဖြစ် ပါတယ်၊ YRTC မှာအတည် ပြုပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့ ကို တင်ပြမှာဖြစ်ပါတယ်၊ အခု တပ်ဆင်မယ့် မီတာတွေဟာ အဆင့်မှီတဲ့ smart  မီတာတွေ ဖြစ်ပါတယ်၊ မီတာမှာတာနဲ့တပ် တာဆိုရင် အနည်းဆုံးသုံးလေး လဆိုရင် စတင်တပ် ဆင်နိုင်မှာ ဖြစ်ပါတယ်" ဟု ရန်ကုန်တိုင်း ဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ ဆောင်ရေး ကြီးကြပ်မှုကော်မတီ YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန် ကပြောသည်။

        မီတာများတပ်ဆင်ပြီးပါက  City Taxi  ယာဉ်စီခဈေးနှုန်း သတ်မှတ်ရာတွင် CNG ဈေးနှုန်း  အပေါ် မူတည်တွက်ချက်ခြင်း  မဟုတ်ဘဲ စက်သုံးဆီဈေးနှုန်း အပေါ် မူတည်တွက်ချက်ပြီး  သတ်မှတ်ခြင်း ဖြစ်သည်။

City Taxi ယာဉ်များမီတာ တပ်ဆင်မှုကို Pilot Project  အနေဖြင့် အစီးရေ ၅၀၀ ခန့် ကိုကနဦး တပ်ဆင်မှာဖြစ်ပြီး  CNG ယာဉ်များနှင့် လေဆိပ်တွင် ပြေးဆွဲနေသည့် City Taxi  ယာဉ် များအား ဦးစားပေးတပ်ဆင် သွားမည်ဖြစ်သည်။ City Taxi  ယာဉ်များတွင်တပ်ဆင်မည့် မီတာများအား YRTC မှ စိုက် ထုတ်ဝယ်ယူ တပ်ဆင်ပေးမှာ ဖြစ်ပြီး ယာဉ်ပိုင်ရှင်နှင့် စာချုပ် ချုပ်ဆိုကာလစဉ်ပြန်လည်ပေး သွင်းရမည်ဖြစ်သည်။ ခရီးသည် များအနေဖြင့် မီတာတပ်ဆင် ထားသည့် City  Taxi ယာဉ်ဖြစ် ကြောင်း အဝေးမှမြင်သာစေရန် အမှတ်အသားဖြင့် ပြသထား မည်ဖြစ်ကြောင်း သိရသည်။

နန္ဒာဆွေ (မြို့တော်)







အခြားဆက်စပ်သတင်းများ