ရန်ကုန် မတ် ၁၀
၇၈ နှစ်မြောက်တပ်မတော် နေ့ကို ဂုဏ်ပြုကြိုဆိုသောအား ဖြင့် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ ဘုရင့်နောင်အမှတ် ၂ လမ်းနှင့် သရက်ပင် ချောင်ကူး တို့ဆိပ်ကြား) ကွန်ကရစ်လမ်း သစ်ဖွင့်ပွဲနှင့် သောက်သုံးရေ ပေးဝေခြင်းကို ယနေ့နံနက်ပိုင်း က အဆိုပါလမ်းတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဌာနဆိုင်ရာ တာဝန် ရှိသူများ၊ ဒေသခံပြည်သူ များ တက်ရောက်ကြသည်။
ရှေးဦးစွာ ကွန်ကရစ်လမ်း သစ်အား တိုင်းဒေသကြီးဝန်ကြီး ချုပ်၊ တိုင်းမှူး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီး ဝင်းတင့်၊ စည်ပင်သာယာ ရေးဝန်ကြီး (မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ လမ်းပန်းဆက်သွယ် ရေးဝန်ကြီး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် မျိုးမင်း ထိုက်တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ဝန်ကြီးချုပ်နှင့် အဖွဲ့က ကွန်ကရစ်လမ်းသစ် အား ဖြတ်သန်းကြည့်ရှုစစ်ဆေး ကြပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် ကာ စိုက်ပျိုးမွေးမြူရေးအမှတ် ၁ ရပ်ကွက်အတွင်း ဒေသခံ ပြည်သူများသို့ ရေပေးဝေမှု အခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးကြသည်။
ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ အင်ဂျင် နီယာဌာန (လမ်းနှင့်တံတား) မှ ဆောင်ရွက်ခဲ့သော ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ဘုရင့် နောင်လမ်းသည် အရှည် ၂၁၆၀၃ ပေ (၄ ဒသမ ၀၉) မိုင်၊အကျယ် ၂၄ ရှိ ယခင်ကတ္တရာလမ်း ဟောင်းကို လမ်းအဆင့်မြှင့်တင် နိုင်ရန်အတွက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် အမှတ်-၂လမ်း မှ အမှတ်-၇ လမ်းဆုံထိ အရှည် ၁၀၃၀၀ ပေကို လမ်းသားတိုးချဲ့ ခြင်း၊ လမ်းအကျယ် ၄၈ ပေကို ကွန်ကရစ်ခင်းခြင်းနှင့် ယခု ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ်တွင် ဘုရင့်နောင်လမ်း (အမှတ်-၂ လမ်းမှ သရက်ပင်ချောင်ကူးတို့ ဆိပ်ထိ) အပိုင်းကိုတစ်ဖက်လျှင် ၁၂ ပေစီ တိုးချဲ့၍ အကျယ် ၄၈ ပေ ရရှိအောင်လမ်းသားတိုးချဲ့ ပြီး ကွန်ကရစ်ခင်းရာတွင် ကျပ် ၄၅၈၈ ဒသမ ၇၆၇ သန်းကုန်ကျ ပြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ (စာ-၇ သို့)
(စာ-၁၂) ၇၈ နှစ်မြောက်မှ
စိုက်ပျိုးမွေးမြူရေး အမှတ် ၁ ရပ်ကွက်ရှိ အိမ်ခြေ ၁၀၆၅ လုံး၊ အိမ်ထောင် စု ၅၃၂၅ စုအား တစ်နေ့လျှင် ရေဂါလန် ၀ ဒသမ ၂ ဂါလန်သန်း ပေးဝေနိုင် ရေးအတွက် လဂွန်းပြင် ရေသန့် စင်စက်ရုံမှ ရေပိုက်လိုင်း ၆၆၂၆၅ ပေ သွယ်တန်းခြင်း၊ Chamber ကန်နှစ်ကန် တည် ဆောက်ခြင်းလုပ်ငန်းများကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်းတန်ဖိုးကျပ် ၂၀၄၉,၀၀၀ သန်းဖြင့် ဆောင်ရွက်ခဲ့ပြီး ယခု အခါ အိမ်ထောင်စု ၄၅၆ စုကို ရေသွယ်တန်းပြီး ရေပေးဝေ လျက်ရှိကြောင်း သိရသည်။
ယင်းနောက် ဝန်ကြီးချုပ် နှင့်အဖွဲ့သည် လဂွန်းပြင်ရေသန့် စက်ရုံသို့ရောက်ရှိရာ အစည်း အဝေးခန်းမတွင် အင်ဂျင်နီယာ ဌာန ရေနှင့်သန့်ရှင်းမှုဌာနမှူး ဦးမြင့်ဇော်သန်းက လှော်ကားရေ တွန်းစက်ရုံ၊ ဂျိုးဖြူရေလှောင်ကန်၊ ငမိုးရိပ် ရေသန့်စင်စက်ရုံ၊ လဂွန်းပြင် ရေသန့်စင်စက်ရုံနှင့် မြေအောက်ရေပေးဝေရေးစခန်း များဖြစ်သည့် သဲဖြူ၊ ရန်ကုန် ပေါက်တို့မှ ရန်ကုန်မြို့တွင်း မြို့နယ်များသို့ ရေပေးဝေလျက် ရှိသည့် အခြေအနေများကို ရှင်း လင်းတင်ပြရာ ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားသည်။
ဆန်းကျော်ဦး (ပြန်/ဆက်)
ရန်ကုန် မတ် ၁၀
၇၈ နှစ်မြောက်တပ်မတော် နေ့ကို ဂုဏ်ပြုကြိုဆိုသောအား ဖြင့် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ ဘုရင့်နောင်အမှတ် ၂ လမ်းနှင့် သရက်ပင် ချောင်ကူး တို့ဆိပ်ကြား) ကွန်ကရစ်လမ်း သစ်ဖွင့်ပွဲနှင့် သောက်သုံးရေ ပေးဝေခြင်းကို ယနေ့နံနက်ပိုင်း က အဆိုပါလမ်းတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဌာနဆိုင်ရာ တာဝန် ရှိသူများ၊ ဒေသခံပြည်သူ များ တက်ရောက်ကြသည်။
ရှေးဦးစွာ ကွန်ကရစ်လမ်း သစ်အား တိုင်းဒေသကြီးဝန်ကြီး ချုပ်၊ တိုင်းမှူး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီး ဝင်းတင့်၊ စည်ပင်သာယာ ရေးဝန်ကြီး (မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ လမ်းပန်းဆက်သွယ် ရေးဝန်ကြီး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် မျိုးမင်း ထိုက်တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ဝန်ကြီးချုပ်နှင့် အဖွဲ့က ကွန်ကရစ်လမ်းသစ် အား ဖြတ်သန်းကြည့်ရှုစစ်ဆေး ကြပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် ကာ စိုက်ပျိုးမွေးမြူရေးအမှတ် ၁ ရပ်ကွက်အတွင်း ဒေသခံ ပြည်သူများသို့ ရေပေးဝေမှု အခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးကြသည်။
ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ အင်ဂျင် နီယာဌာန (လမ်းနှင့်တံတား) မှ ဆောင်ရွက်ခဲ့သော ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ဘုရင့် နောင်လမ်းသည် အရှည် ၂၁၆၀၃ ပေ (၄ ဒသမ ၀၉) မိုင်၊အကျယ် ၂၄ ရှိ ယခင်ကတ္တရာလမ်း ဟောင်းကို လမ်းအဆင့်မြှင့်တင် နိုင်ရန်အတွက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် အမှတ်-၂လမ်း မှ အမှတ်-၇ လမ်းဆုံထိ အရှည် ၁၀၃၀၀ ပေကို လမ်းသားတိုးချဲ့ ခြင်း၊ လမ်းအကျယ် ၄၈ ပေကို ကွန်ကရစ်ခင်းခြင်းနှင့် ယခု ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ်တွင် ဘုရင့်နောင်လမ်း (အမှတ်-၂ လမ်းမှ သရက်ပင်ချောင်ကူးတို့ ဆိပ်ထိ) အပိုင်းကိုတစ်ဖက်လျှင် ၁၂ ပေစီ တိုးချဲ့၍ အကျယ် ၄၈ ပေ ရရှိအောင်လမ်းသားတိုးချဲ့ ပြီး ကွန်ကရစ်ခင်းရာတွင် ကျပ် ၄၅၈၈ ဒသမ ၇၆၇ သန်းကုန်ကျ ပြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ စိုက်ပျိုးမွေးမြူရေး အမှတ် ၁ ရပ်ကွက်ရှိ အိမ်ခြေ ၁၀၆၅ လုံး၊ အိမ်ထောင် စု ၅၃၂၅ စုအား တစ်နေ့လျှင် ရေဂါလန် ၀ ဒသမ ၂ ဂါလန်သန်း ပေးဝေနိုင် ရေးအတွက် လဂွန်းပြင် ရေသန့် စင်စက်ရုံမှ ရေပိုက်လိုင်း ၆၆၂၆၅ ပေ သွယ်တန်းခြင်း၊ Chamber ကန်နှစ်ကန် တည် ဆောက်ခြင်းလုပ်ငန်းများကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်းတန်ဖိုးကျပ် ၂၀၄၉,၀၀၀ သန်းဖြင့် ဆောင်ရွက်ခဲ့ပြီး ယခု အခါ အိမ်ထောင်စု ၄၅၆ စုကို ရေသွယ်တန်းပြီး ရေပေးဝေ လျက်ရှိကြောင်း သိရသည်။