နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စာတိုက်သေတ္တာငှားရမ်းခြင်းဝန်ဆောင်မှု စတင်ပြုလုပ်

ရန်ကုန်   မတ်   ၁၀

စာတိုက်သေတ္တာငှားရမ်းခြင်းဝန်ဆောင်မှုကို မြန်မာ့စာတိုက်ကြီးတွင်ရရှိနိုင်ပြီဖြစ်ကြောင်း သိရသည်။

စာတိုက်သေတ္တာငှားရမ်းခြင်းသည် လိပ်စာတွင်အတည်အကျ နေထိုင်ခြင်းမရှိသူများ၊ လိပ်စာတွင်စာ/ပါဆယ်လက်ခံရန် အဆင် မပြေသူများအတွက် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

စာတိုက်သေတ္တာကိုငှားရမ်းအသုံးပြုခြင်းဖြင့် အချိန်မရွေးကိုယ် တိုင်ထုတ်ယူနိုင်ခြင်း၊ ပုဂ္ဂိုလ်ရေးဆိုင်ရာလုံခြုံမှုရှိခြင်း၊ စာတိုက် သေတ္တာငှားရမ်းထားသည့် သက်တမ်းကာလအတွင်း ရက်အကန့် အသတ်မရှိထုတ်ယူနိုင်ခြင်း၊ ရပ်နီးရပ်ဝေးနေရာအသီးသီးက ပေးပို့ လာသည့်စာ/ပါဆယ်များကိုစုစည်းထုတ်ယူနိုင်ခြင်းစသည့်ခံစားခွင့်များရရှိမည်ဖြစ်သည်။

စာတိုက်သေတ္တာငှားရမ်းခြင်းဝန်ဆောင်မှုအတွက် ကနဦး မှတ်ပုံတင်ခ ကျပ်တစ်သောင်းနှင့်နှစ်စဉ်ကြေးကျပ် ၁၂,၀၀၀ ကျသင့်မည်ဖြစ်ပြီး အသေးစိတ်သိလိုပါက ဖုန်း၀၆၇၃၄၂၀၆၃၀၊ ၀၆၇၃၄၂၀၈၈၈ သို့လည်းကောင်း၊ https://www.myanmarpost.com.mm သို့ လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်သည်။      

008






အခြားဆက်စပ်သတင်းများ