နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
(၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာ ပါဝင်ယှဉ်ပြိုင်မည်

ရန်ကုန်၊ မတ်  ၁၀

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Hangzhouမြို့တွင် ကျင်းပ ပြုလုပ်မည့် (၁၉) ကြိမ်မြောက်  အာရှ အားကစားပြိုင်ပွဲ(Asian Games) တွင် မြန်မာနိုင်ငံက ပါဝင် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

မတ် ၉ ရက် မွန်းလွဲ ၃နာရီ က ရန်ကုန်မြို့ရှိ သု၀ဏ္ဏ အမျိုး သား အားကစားပြိုင်ပွဲရုံ(၁)တွင် ကျင်းပသည့် အာရှအားကစား ပြိုင်ပွဲ သတင်းစာရှင်းလင်းပွဲမှ သိရသည်။

“တရုတ်ပြည်သူ့သမ္မတနိုင်ငံ Hangzhou မြို့မှာ ကျင်းပမယ့် ၁၉ ကြိမ်မြောက်  အာရှအားကစား ပြိုင်ပွဲအတွက်ကို ပြိုင်ပွဲအထိမ်း အမှတ် Fun Run အာရှနိုင်ငံ အားလုံးမှာ ပြုလုပ်တာဖြစ်ပါ တယ်။ ကျွန်တော်တို့ နိုင်ငံက တော့ ၁၅ နိုင်ငံမြောက် လုပ်တာ ဖြစ်ပါတယ်။ ဒီလိုပြုလုပ်ခြင်း အားဖြင့်   ပြည်သူတွေအနေ နဲ့    အာရှအားကစားပြိုင်ပွဲနဲ့ ပတ်သက်ပြီး အတိုင်းအတာတစ်ခု ထိ သိရှိနိုင်မှာဖြစ်ပါတယ်။အာရှ အားကစားပြိုင်ပွဲနဲ့ ပတ်သက်ရင် တော့ မကြာခင် ကျင်းပသွား မယ့် ဆီးဂိမ်းကို အခြေခံသွားမှာ ဖြစ်ပါတယ်။ သီးခြားလေ့ကျင့် စရာ မလိုဘဲနဲ့ ဆီးဂိမ်းကမေလ ပြီး တာနဲ့အာရှ ပြိုင်ပွဲက စက်တင်ဘာမှာ ကျင်းပမှာဖြစ် တဲ့အတွက်  ဆီးဂိမ်းမှာရမယ့် စံချိန်စံညွှန်းပေါ် မူတည်ပြီးတော့ ရွေးချယ်  ဆောင်ရွက်သွားမှာ ဖြစ်ပါတယ် “ဟု အားကစား နှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်   ကာယပညာ ဦးစီးဌာန Director General ဦးထွန်းမြင့်ဦးက ပြောသည်။

အဆိုပါ (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ  အထိမ်း အမှတ်အနေဖြင့်   မတ် ၁၀ ရက် နံနက် ၈ နာရီမှစတင်ကာ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေ မြို့နယ်၊ ကျိုက္ကဆံအားကစားကွင်း တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။  

AMH (မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ