နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)နှင့် မီဒီယာများတွေ့ဆုံပွဲ ကျင်းပ

ရန်ကုန်၊ မတ်  ၁၀

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)နှင့် မီဒီယာများ တွေ့ဆုံပွဲ ၃/၂၀၂၃ အခမ်းအနားကို မတ် ၉ ရက်၊ ညနေပိုင်းက ရန်ကုန်တိုင်း ဒေသကြီး၊ တာမွေမြို့နယ်၊ လေးထောင့်ကန်လမ်း  (YRTC) ရုံး၌  ကျင်းပရာ   ရန်ကုန်တိုင်း ဒေသကြီး   ပုဂ္ဂလိကသယ်ယူ ပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ က တာဝန်ရှိသူများနှင့် သတင်း ဌာနများက တာဝန်ရှိသူများ တက် ရောက်ကြသည်။ 

အဆိုပါ မီဒီယာတွေ့ဆုံပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ (YRTC)က တွဲဖက် အတွင်းရေးမှူး ဦးလျန်ကျင့်မန်က (YRTC) အနေဖြင့် ဘေးကင်းလုံခြုံ ပြီး ဝန်ဆောင်မှုကောင်းသော အများပြည်သူ သယ်ယူပို့ဆောင် ရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ City Taxi ယာဉ်များတွင် meter များ တပ်ဆင်ပြီး စနစ်တကျပြေးနိုင် ရေး ဆောင်ရွက်မည့်အခြေအနေ များ၊ ခရီးသည်တင်ယာဉ်များ၊ ကုန်တင်ယာဉ်များနှင့် အငှားယာဉ် များ အားလုံးပြောင်းလဲသတ်မှတ် ထားသည့် ဖောင်းကြွနံပါတ်များ ပြောင်းလဲတပ်ဆင်မှုအခြေအနေ များနှင့် YBS ယာဉ်များတွင် ကတ် စနစ်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ရေး  ကိစ္စရပ်များ  အကျယ်တဝင့်   ရှင်းလင်း ပြောကြားပြီး မီဒီယာများက သိရှိ လိုသည်များကို မေးမြန်းကြရာ (YRTC)    တာဝန်ရှိသူများက   ပြန်လည် ရှင်းလင်းဖြေကြားကြ သည်။ 

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီအနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီတို့နှင့် ပူးပေါင်းပြီး ရန်ကုန်မြို့တွင်း ခရီး သွားပြည်သူများ စိတ်အေးချမ်းမြေ့ စွာ သွားလာနိုင်စေရေး ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

နန္ဒာဆွေ(မြို့တော်)







အခြားဆက်စပ်သတင်းများ