နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Asia World ဆိပ်ကမ်းရောက် လျှပ်စစ်သုံးယာဉ်များကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ ကြည့်ရှုစစ်ဆေး

ရန်ကုန်  မတ်  ၁၀

Asia World ဆိပ်ကမ်းတွင် ရောက်ရှိနေသည့် လျှပ်စစ်သုံး ယာဉ်များကို ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း နှင့်တိုင်းဒေသကြီး ဝန်ကြီးများ က ယမန်နေ့ မွန်းလွဲပိုင်းတွင် သွားရောက်ကြည့်ရှု စစ်ဆေးကြ သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Essential Motor Co.,Ltd. က တင်သွင်းပြီး Asia World ဆိပ်ကမ်း ၌ရောက်ရှိနေသည့် BYD အမှတ် တံဆိပ် လျှပ်စစ်သုံးယာဉ် ၁၀ စီး ကို လျှပ်စစ်သုံးယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်း သတ်မှတ်ချက်များနှင့် ကိုက်ညီ မှုရှိ၊ မရှိ၊ သွင်းကုန်လိုင်စင်နှင့် သွင်းကုန်ကြေညာလွှာပါအချက် အလက်များ ကိုက်ညီမှန်ကန်မှု ရှိ၊ မရှိ တိုက်ဆိုင်စစ်ဆေးလျက် ရှိသည့် လုပ်ငန်းစဉ်အဆင့်ဆင့် တို့ကို ကြည့်ရှုစစ်ဆေးပြီး တင် သွင်းရောက်ရှိလာသည့် ယာဉ် များအတွက် ရောင်းချပြီးအာမခံ မှု၊ ပုံမှန်ပြုပြင် ထိန်းသိမ်းမှုနှင့် အပိုပစ္စည်းရရှိမှုတို့ကို ကုမ္ပဏီ က တာဝန်ယူဆောင်ရွက်ပေးနိုင် ရေးနှင့် မူရင်းထုတ်လုပ်သည့် ကုမ္ပဏီနှင့်ချိတ်ဆက်၍ လျှပ်စစ် သုံးယာဉ်ဆိုင်ရာ နည်းပညာများ ပြည်တွင်း၌ရရှိစေရေး ဆောင် ရွက်ရန် မှာကြားပြီး ရောက်ရှိ လာသည့် ကားများကို လေ့လာ ကြည့်ရှုစစ်ဆေးကြသည်။

ယခုရောက်ရှိလာသည့် BYD အမှတ်တံဆိပ် လျှပ်စစ်သုံးယာဉ် ၁၀ စီးသည် ရန်ကုန်မြို့ရှိ Asia World ဆိပ်ကမ်းသို့ရောက်ရှိပြီး Import Declaration ဖွင့်လှစ်၍ အကောက်ခွန်ဆိုင်ရာ လုပ်ငန်း များကို ဆောင်ရွက်မည်ဖြစ်သည်။

အလားတူ ဦးဆောင်ကော်မတီ ၏ ခွင့်ပြုချက်ဖြင့် Grand Sirus Co.,Ltd. ကတင်သွင်းပြီး ထီးတန်း ဆိပ်ကမ်းတွင် လျှပ်စစ်ကား ၃၈ စီးနှင့် Essential Motor Co.,Ltd. က ငါးစီး စုစုပေါင်း ၄၃ စီး ရောက်ရှိနေကြောင်းနှင့် လျှပ်စစ် သုံးယာဉ်များ အားသွင်းနိုင်ရန် အတွက် Essential Motor Co., Ltd. သည် ရန်ကုန်ဘူတာကြီး အနီးတွင် Level 3 အဆင့် Char- ger ငါးစုံ၊ Dual Gun အသုံးပြု နိုင်သည့်    Charging    Station

တည်ဆောက်ရေးလုပ်ငန်းများကို လည်း ဆောင်ရွက်လျက်ရှိသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်ဘူတာကြီးရှေ့၊ ပန်းဆိုး တန်း ခုံးကျော်တံတားဘေးတွင် လျှပ်စစ်သုံးယာဉ် အမြန်အားသွင်း နေရာ EV Fast Charging Sta- tion၊ အလုံမြို့နယ်၊ သခင်မြ ပန်းခြံတွင် လျှပ်စစ်သုံးယာဉ် အမြန်အားသွင်းနေရာ EV Fast Charging Station၊ လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်း၊ သီရိမင်္ဂလာ ဈေးတွင် လျှပ်စစ်သုံးယာဉ် အမြန် အားသွင်းနေရာ EV Fast Char- ging Station များတည်ဆောက် လျက်ရှိကြောင်းနှင့် လျှပ်စစ် ကားများ တင်သွင်းရေးအတွက် လုပ်ငန်းကော်မတီ ငါးခုဖြင့် ဆောင်ရွက်လျက်ရှိပြီး လိုအပ် သည့် အားသွင်းစက်များကို Pilot Project ကာလအတွင်း နေပြည် တော်၊ ရန်ကုန်၊ မန္တလေးမြို့နှင့် အမြန်လမ်းမကြီး တစ်လျှောက် တွင် Charger ပေါင်း အလုံး ၁၅၀ ကျော်ကို တပ်ဆင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆန်းကျော်ဦး (ပြန်/ဆက်)







အခြားဆက်စပ်သတင်းများ