နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘုရင်ကို လှောင်ပြောင်သည့် ထိုင်းအမျိုးသား ထောင်ဒဏ် နှစ်နှစ် ချမှတ်

ဗန်ကောက် မတ် ၉

ထိုင်းဘုရင်ကို လှောင်ပြောင် သရော်သည့် အဝါရောင်ဘဲ ကာတွန်း များ ပါဝင်သော ပြက္ခဒိန်ကို ရောင်းချ မှုကြောင့် ထိုင်းနိုင်ငံသား အမျိုးသား တစ်ဦး ကို ထောင်ဒဏ် နှစ်နှစ်ချမှတ် လိုက်ကြောင်း တရားရေးဆိုင်ရာအဖွဲ့ က မတ် ၈ ရက်တွင် ထုတ်ပြန်သည်။

အဝါရောင် ရော်ဘာဘဲရုပ်များ သည် ထိုင်းနိုင်ငံအတွင်းဆန္ဒပြ လှုပ်ရှားမှုများတွင် ထိုင်းဘုရင်ကို လှောင်ပြောင်ရန် အသုံးပြုသည့် အရုပ် ဖြစ်သည့်အတွက် တွန်မိုင်အမည်ရှိ အသက် ၂၆ နှစ်အရွယ် အမျိုးသားကို ထိုင်းနိုင်ငံ၏  ဘုန်းအာနုဘော် ဥပဒေအရ စွဲချက်တင်ပြီး ဗန်ကောက် တရားရုံးက ထောင်ဒဏ် နှစ်နှစ် ချမှတ် လိုက်ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံတွင် ဘုရင်၊ မိဖုရား၊ နန်းမွေဆက်ခံသူ သို့မဟုတ် အစိုးရ ကို အသရေဖျက်မှု၊ စော်ကားမှု၊  ခြိမ်း ခြောက်သူ မည်သူ့ကိုမဆို ထောင်ဒဏ် သုံးနှစ်မှ ၁၅ နှစ်အထိ ချမှတ်နိုင်ကြောင်း သိရသည်။

၂၀၂၀ ခုနှစ် နိုဝင်ဘာလက စတင် ပြီး အနည်းဆုံးလူ ၂၃၃ ဦးသည် ထိုင်းဘုရင်ကို အသရေဖျက်မှုနှင့် စွဲချက်တင်ခံထားရကြောင်း ထိုင်း တရားရေးကော်မရှင်အဖွဲ့က ပြောသည်။

(Ref; AP)






အခြားဆက်စပ်သတင်းများ