နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ခေါင်းဆောင်မှုအခန်းကဏ္ဍတွင် အမျိုးသမီးများ ပိုမိုပါဝင်နိုင်မည့် ဥပဒေကြမ်း စပိန်တင်သွင်း

မက်ဒရစ် မတ် ၉

စပိန်နိုင်ငံရှိ လက်ဝဲယိမ်းအစိုးရ သည် နိုင်ငံတကာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် အမျိုးသမီးများ စီးပွားရေးနှင့် နိုင်ငံရေးခေါင်းဆောင်မှု အခန်းကဏ္ဍတွင် အနည်းဆုံး ၄၀ ရာခိုင် နှုန်း ပါဝင်ရမည့် ဥပဒေကြမ်းတစ်ရပ်ကို မတ် ၈ ရက်က တင်သွင်းလိုက်သည်။

ယခုနှစ်ကုန်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ မတိုင်မီ တင်ပြလာသည့် အဆိုပါဥပဒေကြမ်း၌ ကုမ္ပဏီကြီးများနှင့် ပညာရပ်ဆိုင်ရာ ပရော်ဖက်ရှင်နယ်အသင်းအဖွဲ့များ၏ အုပ်ချုပ်မှုဒါရိုက်တာ ဘုတ်အဖွဲ့များတွင် အမျိုးသမီးများ ၄၀ ရာခိုင်နှုန်း ပါဝင်ရမည် ဟု ပြဌာန်းထားခြင်း ဖြစ်သည်။

ယင်းဥပဒေကြမ်းအရ ဝန်ထမ်း ၂၅၀ ကျော် သို့မဟုတ်  တစ်နှစ်ဝင် ငွေအနည်းဆုံး  ယူရိုသန်း ၅၀ ရှိ သည့်  စတော့အိတ်ချိန်း စာရင်းဝင် ကုမ္ပဏီများ၏  အုပ်ချုပ်မှုဆိုင်ရာ ဘုတ်အဖွဲ့များတွင်  အမျိုးသမီးများ ၄၀ ရာခိုင်နှုန်း ပါဝင်ရမည် ဖြစ်ပြီး ဥရောပပါလီမန်၏ ရည်မှန်းချက် အရ ၂၀၂၆ ခုနှစ်တွင် စီးပွားရေး လုပ်ငန်း ကြီးများ၏ အုပ်ချုပ်ရေးပိုင်း၌ အမျိုး သမီးပါဝင်မှု ဦးရေကို တိုးမြင့်လာစေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

စပိန်သည် ကျား-မ ရေးရာ တန်းတူ ညီမျှမှုတွင် လက်ရှိ  ဦးဆောင်နေ သည့်နိုင်ငံ ဖြစ်ပြီး အစိုးရအဖွဲ့အတွင်း ဝန်ကြီးရာထူး ၆၃ ရာခိုင်နှုန်းသည် အမျိုးသမီးများ ပါဝင်လျက်ရှိကြောင်း သိရသည်။

(ref: BBC)






အခြားဆက်စပ်သတင်းများ