နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်နိုင်ငံ မြို့ကြီးအများစုတွင် စံချိန်တင် အပူချိန်မြင့်တက်

ပေကျင်း မတ် ၉

တရုတ်နိုင်ငံ၏ အဓိကမြို့ကြီးများ၌ ယခုတစ်ပတ်အတွင်း အပူချိန် စံချိန် တင်မြင့်တက်နေပြီး ဝူဟန်နှင့်ကျန်းကျိုး မြို့များတွင် ပုံမှန်ထက် ၁၀ ဒီဂရီ ဆဲလ်စီးယပ်စ် ပိုများလာကြောင်း နိုင်ငံ ပိုင် မိုးလေဝသ ဌာနက ထုတ်ပြန်သည်။

မတ်လဆန်းတွင် ဝူဟန်မြို့၏ အပူချိန်သည် ၂၆ ဒီဂရီ ဆဲလ်စီးယပ်စ် အထိ ဖြစ်လာကာ ယခင်ထက် ၁၂ ဒီဂရီမြင့်လာပြီး နိုင်ငံပိုင် မိုးလေဝသ ဌာနကလည်း ကမ္ဘာ့ရာသီဥတု ပြောင်းလဲ ခြင်းကြောင့် တရုတ်နိုင်ငံအတွင်း အပူချိန်မြင့်တက်မှုကို ၂၀၂၃ ခုနှစ် တစ်နှစ်တာလုံး ခံစားရ မည်ဟုကြိုတင် သတိပေးထားသည်။

အလားတူ နိုင်ငံအနောက်တောင် ဘက်ရှိ ယွန်နန်မြို့တွင်လည်း အပူချိန် မြင့်တက်မှုကြောင့် မိုးခေါင် ရေရှား ဖြစ်လာကာ ယင်းသည် ဧပြီလအထိ ဆက်လက်ဖြစ်နိုင်ကြောင်း ခန့်မှန်းထား သည်။

ယခုတစ်ပတ်အတွင်း လေဖိအား နည်းရပ်ဝန်းအခြေအနေများကြောင့် စက်မှုလုပ်ငန်းများ အများဆုံး ထွန်းကား သည့် ပေကျင်း၊တီရန်ကျင်းနှင့် ဟီပေ ဒေသများတွင်လည်း မီးခိုးမြူများကျ ဆင်းကာ အပူချိန်မြင့်တက်နေကြောင်း သိရသည်။                    (ref : Reuters)







အခြားဆက်စပ်သတင်းများ