နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယတွင် ဆေးရောင်ခြယ် ဟိုလီပွဲတော် ကျင်းပ

နယူးဒေလီ မတ် ၉

သန်းပေါင်းများစွာသောအိန္ဒိယ လူမျိုးများ၏ နွေဦးပွဲတော်တစ်ခုဖြစ် သည့် ဆေးရောင်ခြယ်  ဟိုလီပွဲတော် ကို  မတ် ၈ ရက်တွင် စတင် ကျင်းပနေပြီ ဖြစ်သည်။

ဟိန္ဒူဒဏ္ဍာရီကို အခြေခံထား သည့် ယဉ်ကျေးမှုဆိုင်ရာ  ဟိုလီပွဲတော် သည် အိန္ဒိယလူမျိုးများအတွက် မကောင်းမှုများကို ဖယ်ရှားသည့် ပွဲတော်တစ်ခုဖြစ်ပြီး ယင်းပွဲတွင် သူငယ်ချင်းများ နှင့် မိသားစုများ အချင်းချင်း တောက်ပသည့် အရောင် များ လိမ်းကျံကာ အဆိုးများကိုပယ်ဖျက် ရန်အတွက် ဆုတောင်းပေးလေ့ရှိ ကြောင်း သိရသည်။

ပွဲတော် အထိမ်းအမှတ်အဖြစ် အိန္ဒိယနိုင်ငံ  နေရာအများစုတွင် ကြီးမားသည့် စီတန်းလှည့်လည်ပွဲများ ကျင်းပကြပြီး လူများသည် ရိုးရာအက များနှင့် ကခုန်သီဆိုခြင်းများ ပြုလုပ် ကာ ကလေးများပါ ပါဝင်နိုင်ရန် ပွဲတော် ကာလ တစ်လျှောက် စာသင်ကျောင်း များကို ပိတ်ပေးထားကြောင်း သိရ သည်။ ပွဲတော်ကို ရက်သတ္တပတ်ကြာ ကျင်းပမည်ဖြစ်ပြီး ပွဲတော်အတွင်း အရောင်မှုန့်များ ၊ ပီချကာရစ် (ရေပစ္စတို)များ နှင့် အခြားပွဲတော်ဆိုင်ရာ အသုံး အဆောင်ပစ္စည်းများ ရောင်းချသည့် ဆိုင်များလည်း ဖွင့်လှစ်ပေးလျက်ရှိ သည်။

ပွဲတော် အထိမ်းအမှတ်အဖြစ် စည်းစိမ်ဥစ္စာ၊ စိတ်အားထက်သန်မှုနှင့် ခွန်အားတို့ကို ကိုယ်စားပြုသည့် အနီရောင်မှုန့် ကို အများဆုံး လိမ်းကျံ ကြောင်း သိရသည်။           

(ref: BBC)






အခြားဆက်စပ်သတင်းများ