မတ် ၉
ယခုနှစ် ဘောလုံးရာသီတွင် ပုံမှန် ပွဲကစားခွင့် ပျောက်ဆုံးနေသည့် လော့ တပ်ချိခ်က လာမည့် နွေရာသီအပြောင်း အရွှေ့တွင် ချဲလ်ဆီးအသင်းမှ ထွက်ခွာ ရန် ဆုံးဖြတ်ထားကြောင်း ပြောသည်။
လော့တပ်ချိခ်သည် ချဲလ်ဆီးအသင်း နှင့် ၂၀၂၄ ခုနှစ်မှ စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်သော်လည်း ၎င်းအနေ ဖြင့် ယခုနှစ် ဘောလုံးရာသီ၌ ပြိုင်ပွဲစုံ ၂၂ ပွဲတွင် လူစားဝင် ကစားသမားအဖြစ်သာ ပါဝင်ကစားခဲ့ရပြီး ပွဲကစားချိန် လျော့ နည်းလာသောကြောင့် လာမည့်နွေရာသီ တွင် အသင်းမှ ထွက်ခွာရန် စီစဉ်နေခြင်း ဖြစ်သည်။
အသက် ၂၇ နှစ်အရွယ်ရှိ လော့တပ် ချိခ်သည် ကွင်းလယ်ပိုင်းတွင် ခံစစ်၊ တိုက်စစ်ထိ လိုက်ပါကစားနိုင်သည့် အပြင် ညာတောင်ပံ ခံစစ်ပိုင်းတွင်လည်း ကစားနိုင်သည့် ကစားသမားတစ်ဦး ဖြစ်ပြီး ဒဏ်ရာပြဿနာများကြောင့် ပုံစံကောင်းပြသနိုင်ရန် ရုန်းကန်နေရ သော်လည်း ၎င်း၏ စွမ်းဆောင်ရည်နှင့် အဆုံးသတ်မှုတို့ကို ဥရောပထိပ်သီး ကလပ်များက စိတ်ဝင်စားလျက်ရှိသည်။
သူရိန်