မတ် ၉
ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ရှုံး ထွက် ဒုတိယအကျော့ပွဲစဉ်အဖြစ် ဘိုင်ယန်မြူးနစ်အသင်းနှင့် ပီအက်စ် ဂျီအသင်းတို့ ယနေ့ နံနက်အစောပိုင်းက အလီးယန့်အရီနာကွင်း၌ ယှဉ်ပြိုင် ကစားရာ ဘိုင်ယန်မြူးနစ်အသင်းက ပီအက်စ် ဂျီအသင်းကို နှစ်ဂိုး၊ ဂိုးမရှိ (နှစ်ကျော့ပေါင်းရလဒ် သုံးဂိုး၊ ဂိုးမရှိ) ဖြင့် အနိုင်ရရှိပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့သည်။
အဓိကတိုက်စစ်မှူး နေမာကို ရာသီကုန်အထိလက်လွှတ်ထားရသည့် ပီအက်စ်ဂျီအသင်းက ရလဒ်ကောင်း ရရှိရေး အစွမ်းကုန်ကြိုးစားခဲ့သော် လည်း အိမ်ရှင်ဘိုင်ယန်အသင်းကအမှား အနည်းဆုံး ကစားပြီး နိုင်ပွဲရယူနိုင်ခဲ့ သည်။
ပထမပိုင်းတွင် ပီအက်စ်ဂျီအသင်း အခွင့်အရေးများရရှိခဲ့သော်လည်း ဘိုင်ယန်မြူးနစ် ဂိုးသမား ဆွန်မာနှင့် ခံစစ်ကစားသမားများ အကောင်းဆုံးပုံစံတွင်ရှိနေခြင်းကြောင့် ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်းမရှိခဲ့ပေ။ ပီအက်စ်ဂျီ ကွင်းလယ်ကစားသမား ဗီတင်ဟာ အပိုင်အခွင့်အရေးရရှိခဲ့သော်လည်း ဘိုင်ယန်နောက်ခံလူ ဒီလစ်က ဂိုးစည်း ပေါ်မှ ဖျက်ထုတ်ခဲ့ခြင်းကြောင့် အဖွင့်ဂိုး ရရှိမည့် အခွင့်အရေး လွဲချော်ခဲ့ရသည်။
ဒုတိယပိုင်းတွင် ဘိုင်ယန်မြူးနစ် အသင်း ကစားအား ပိုကောင်းလာခဲ့ပြီး ဧည့်သည်အသင်းခံစစ်ကို အကြိမ်ကြိမ် ဒုက္ခပေးနိုင်ခဲ့သည်။ ပွဲကစားချိန် ၆၁ မိနစ်တွင် ချူပိုမိုတင်းက ဘိုင်ယန်အသင်း အတွက် အဖွင့်ဂိုးကို သွင်းယူပေး ခဲ့ပြီး နောက်ထပ်အနိုင်ဂိုးကို ၈၉ မိနစ်တွင် လူစားဝင်ကစားသမား ဂနာဘရီက သွင်းယူပေးခဲ့သည်။ ဘိုင်ယန်အသင်း သည် အိမ်ကွင်း ၂၄ ပွဲဆက် ရှုံးပွဲမရှိ စံချိန်ကို ဆက်လက်ထိန်းသိမ်းပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို တက် လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
သူရိန်