နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကင်းမြို့နယ်အတွင်း သန့်ရှင်းသာယာသပ်ရပ်စေရေး ဆောင်ရွက်

ရန်ကင်းမြို့နယ်အတွင်း သန့်ရှင်းသာယာသပ်ရပ်စေရေး မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၏ ကြီးကြပ်မှုဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ မတ် ၇ ရက်၊ နံနက်ပိုင်းက မြို့နယ်စည်ပင် သာယာအုပ်ချုပ်ရေးမှူးရုံးနှင့်ဌာနများမှတွဲဖက်ဝန်ထမ်းများ ပူးပေါင်းအင်အား ၁၀ ဦးဖြင့် အမှတ် ၁ ရပ်ကွက် ရန်ကင်းလမ်းနှင့် ရန်ရှင်းလမ်းထောင့်(ဒေသန္တရဆေးခန်းနောက်)တွင် တွယ်ကပ်နေသော ညောင်ပင်အား ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှတ် ၄ ရပ်ကွက်၊ ရန်ကင်းလမ်း၊ အထက ၁ကျောင်း ရှေ့တွင်  သန့်ရှင်းသပ်ရပ်မှုရှိစေရေးနှင့်ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းအတွင်း အမှိုက်နှင့်မြောင်းချေးများဆယ်ယူရှင်းလင်းခြင်း၊ မြက်ပင်ချုံနွယ်များခုတ်ထွင်ရှင်းလင်းခြင်း၊ စည်းကမ်းမဲ့စွန့်ပစ်အမှိုက်များ သိမ်းဆည်းခြင်း၊ သစ်ရွက်ခြောက်ကြွေများ၊ သဲ၊ ခဲများ လှည်းကျင်း ရှင်းလင်း၍ သန့်ရှင်းရေးပြုလုပ်ခြင်း၊ ထွက်ရှိအမှိုက်များကို ယာဉ်တစ်စီးဖြင့်သိမ်းဆည်းသယ်ယူစွန့် ပစ်ခြင်းတို့ကို ဆောင်ရွက်ကြစဉ်။            

ယဉ်မွန်







အခြားဆက်စပ်သတင်းများ