နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗိုလ်တထောင်မြို့နယ်အတွင်း သန့်ရှင်းသာယာသပ်ရပ်စေရေးဆောင်ရွက်

ဗိုလ်တထောင်မြို့နယ်အတွင်း သန့်ရှင်းသာယာသပ်ရပ်စေရေး မြို့နယ်စည်ပင်သာယာအုပ်ချုပ် ရေးမှူး၏ ကြီးကြပ်မှုဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ မတ် ၇ ရက်၊ နံနက်ပိုင်းက မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးနှင့်ဌာနများမှ တွဲဖက်ဝန်ထမ်း များပူးပေါင်းအင်အား ၁၀ ဦးဖြင့် ၄၁ လမ်း ( မဟာဗန္ဓုလလမ်းနှင့် ကုန်သည်လမ်းကြား)၌ သန့်ရှင်းသပ်ရပ်မှုရှိစေရေးအတွက် စည်းကမ်း မဲ့စွန့်ပစ်အမှိုက်များသိမ်းဆည်းခြင်း၊သစ်ရွက်ခြောက်ကြွေများ၊ သဲ၊ ခဲများ လှည်းကျင်းရှင်းလင်း၍ သန့်ရှင်းရေးပြုလုပ်ခြင်း၊ ကုန်သည်လမ်း(၄၂လမ်းနှင့် ဘိုကလေးစျေးလမ်းကြား)တွင် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် အုတ်ရေမြောင်းအတွင်း အမှိုက်နှင့်မြောင်းချေးများဆယ်ယူရှင်းလင်း ခြင်း၊ ထွက်ရှိအမှိုက်များကို ယာဉ်တစ်စီးဖြင့်သိမ်းဆည်းသယ်ယူစွန့်ပစ်ခြင်းတို့ကို ဆောင်ရွက်ကြစဉ်။

ယဉ်မွန်






အခြားဆက်စပ်သတင်းများ