နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယာဉ်မတော်တဆမှုပေါင်း ၁၆၉ မှုဖြစ်ပွား ၅၇ ဦးသေဆုံးခဲ့ကာ ၂၈၀ ဦး ထိခိုက်ဒဏ်ရာရရှိ

ရန်ကုန်  မတ် ၉

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ အတွင်း ရန်ကုန်-မန္တလေးအမြန် လမ်းမကြီးပေါ်တွင် ယာဉ်တိုက် မှု ၁၂ မှုဖြစ်ပွားခဲ့ပြီး ယာဉ် မတော်တဆမှုကြောင့် အမျိုးသား ခြောက်ဦးနှင့် အမျိူးသမီးငါးဦး သေဆုံးကာ ၁၅ ဦး ဒဏ်ရာရရှိ ခဲ့သည်။ ပျက်စီးဆုံးရှုံးမှုတန်ဖိုး မှာ ကျပ် ၁၄ ဒသမ ၁၅ သန်း ရှိကြောင်း သိရသည် ။

အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီက အမြန်လမ်းမကြီး တွင် အိမ်စီးယာဉ် ကားအသေး များသည် တစ်နာရီလျှင် ကီလို မီတာ ၁၀၀၊ ခရီးသည်တင်ယာဉ် များ  တစ်နာရီလျှင် ကီလိုမီတာ ၉၀၊ လုပ်ငန်းသုံးလိုက်ထရပ်နှင့် ဟိုက်ဂျက်ယာဉ်များ  တစ်နာရီ ကီလိုမီတာ ၆၀ နှုန်းဖြင့်သာ   မောင်းနှင်ရန် သတ်မှတ်ထုတ် ပြန်ထားသည်  ။

အမြန်လမ်းမကြီးပေါ်တွင်  အရှိန်နှုန်း တိုင်းတာစစ်ဆေးပြီး  အရေးယူသောစနစ်ဖြင့် ထိန်း သိမ်း ကြပ်မတ်လျက်ရှိသည်။ အသက်ကယ် ထိုင်ခုံခါးပတ်ပတ် ရန်၊  ယာဉ်အမျိုးအစားအလိုက် လမ်းအကွေ့များတွင် အကွေ့ အရှိန်  အချက်ပြလမ်းညွှန် သင်္ကေတများကို စိုက်ထူပေး ထားကြောင်း သိရသည်။

၂၀၂၃ ခုနှစ်ဇန်နဝါရီလက အမြန်လမ်းမကြီးပေါ်၌ ယာဉ် မတော်တဆမှုကြောင့် လူရှစ်ဦး သေဆုံးကာ ၁၃ ဦး ဒဏ်ရာရရှိ ခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆမှုပေါင်း ၁၆၉ မှုဖြစ်ပွားခဲ့ပြီး စုစုပေါင်း ၅၇ ဦးသေဆုံးခဲ့ကာ ၂၈၀ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ယာဉ်အရှိန်လွန် မှုကြောင့် ယာဉ်မတော်တဆမှု အဖြစ်များ ကြောင်းသိရသည် ။

CN - 033






အခြားဆက်စပ်သတင်းများ