နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လေးထောင့်ကန်တြိဂံပန်းခြံစိမ်းလန်းစိုပြည်ရေး ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး ကွင်းဆင်းစစ်ဆေး

ရန်ကုန် မတ် ၉

ရန်ကုန်တိုင်းဒေသကြီး  စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ၊ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယ မြို့တော်ဝန် ဦးညီညီ၊ အတွင်း ရေးမှူး၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်း က ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ စိုက်ပျိုးမွေးမြူရေး အမှတ် ၁ ရပ်ကွက် ၊ အမှတ် ၂ လမ်းနှင့် ဘုရင့်နောင်လမ်းဆုံ မြေနေရာအကျယ်အဝန်း ၀ ဒသမ ၆၂၈ ဧကပေါ်ရှိ လေးထောင့်ကန် တြိဂံပန်းခြံ၌ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ ပန်းခြံအတွင်း မြေညှိပြုပြင်ပြီး ထိုင်ဝမ်မြက် စိုက်ပျိုးနေမှု၊ ပန်းခြံအလယ်၌ ရေစုကန် တူးဖော်ထားရှိမှုတို့ကို ကြည့်ရှု စစ်ဆေးပြီး ပန်းခြံရေရှည်စိမ်း လန်းစိုပြည်ရေး ဆောင်ရွက်ပေး ရန်၊ ပန်းခြံပတ်လမ်း Interlock ခင်းကျင်းရန်နှင့် ပန်းခြံဝန်းကျင်  သန့်ရှင်းသာယာသပ်ရပ်ရေး ဆောင်ရွက်ပေးရန် မှာကြားပြီး  လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

အဆိုပါ ပန်းခြံပြုလုပ်ပေး ခြင်းဖြင့် ရပ်ကွက်နေပြည်သူများ၊ ကလေးသူငယ်များ၊ ကိုယ်လက် လှုပ်ရှား အားကစားပြုလုပ်ရန် နှင့် အပန်းဖြေအနားယူနိုင်စေရန်  ရည်ရွယ်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ က ဆောင်ရွက်ပေးခြင်းဖြစ် ကြောင်း သိရသည်။

သတင်း -မိုးမြင့်မောင်  

ဓာတ်ပုံ - ရွှေဝင်း







အခြားဆက်စပ်သတင်းများ