နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် မူပိုင်ခွင့်အကာအကွယ်ပေးခြင်းစနစ်တစ်ရပ်ကို ကျင့်သုံးနိုင်ရန် လိုအပ်

ရန်ကုန်  မတ်  ၉

ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် ဆိုင်ရာ အသိပညာပေးဆွေးနွေး ပွဲကို ယမန်နေ့ နံနက် ၈ နာရီခွဲ တွင် လမ်းမတော်မြို့နယ်၊ မင်းရဲ ကျော်စွာလမ်းရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၌ ပြုလုပ်သည်။

ရှေးဦးစွာ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း က အဖွင့်အမှာစကားပြောကြား ရာတွင် မြန်မာနိုင်ငံအနေဖြင့် ၂၀၁၉ ခုနှစ်တွင် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေကို အတည်ပြု ပြဋ္ဌာန်းပြီး ယခု ၂၀၂၃ ခုနှစ်၊ မတ်လအတွင်း အာဏာသက်ဝင် ခြင်း အမိန့်ကြော်ငြာစာကို ထုတ် ပြန်နိုင်ရေး ဆောင်ရွက်လျက်ရှိ သည့်အတွက် ယခုကဲ့သို့ အသိ ပညာပေး ဆွေးနွေးပွဲကျင်းပရ ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်၏ စီးပွားရေး ဦးတည်ချက်များကို အကောင်အထည်ဖော် ဆောင် ရွက်ရာတွင် မူပိုင်ခွင့် အကာ အကွယ်ပေးခြင်း စနစ်တစ်ရပ် ကို ကျင့်သုံးဆောင်ရွက်နိုင်ခြင်း အားဖြင့် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်စေရန် အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း၊ ကုန် အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေ ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းဖြင့် ရင်းနှီး မြှုပ်နှံမှု၊                   ကုန်သွယ်ရေးနှင့် ကူးသန်း ရောင်းဝယ်ရေးလုပ်ငန်းများ ပိုမို ဖွံ့ဖြိုးတိုးတက်လာနိုင်ကြောင်း၊ အမှတ်တံဆိပ်ပိုင်ရှင်နှင့် အခွင့် အရေးရရှိသူတို့အနေဖြင့် အမှတ် တံဆိပ်မူပိုင်ခွင့် အခွင့်အရေး များကို ဥပဒေနှင့်အညီ ခံစားစေ နိုင်မည်ဖြစ်ကြောင်း ပြောကြား သည်။

ထို့နောက် မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မိုးမိုးသွယ်က ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေ အာဏာသက်ဝင် ခြင်းနှင့်စပ်လျဉ်း၍လည်းကောင်း၊ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေး မှူး ဒေါက်တာစိမ့်သန္တာထွန်းက အမှတ်တံဆိပ် မှတ်ပုံတင်ခြင်း ဆိုင်ရာများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ AYA Bank  တာဝန်ရှိသူတစ်ဦးက အမှတ် တံဆိပ် မှတ်ပုံတင်ခြင်းနှင့် စပ် လျဉ်း၍ အခကြေးငွေပေးသွင်း ခြင်းဆိုင်ရာ ဘဏ်လုပ်ငန်း ဝန် ဆောင်မှုများနှင့် လုပ်ထုံးလုပ် နည်းများအကြောင်းအားလည်း ကောင်း၊ CB Bank တာဝန်ရှိ သူတစ်ဦးက အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ အခကြေးငွေ ပေးသွင်းခြင်းဆိုင် ရာ ဘဏ်လုပ်ငန်း ဝန်ဆောင်မှု များနှင့် လုပ်ထုံးလုပ်နည်းများ အကြောင်းအားလည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးကြ သည်။

ထို့နောက် အခမ်းအနား တက်ရောက်သူများက သိလိုသော မေးမြန်းမှုများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည် ဖြေကြားကြသည်။

အဆိုပါဆွေးနွေးပွဲကို ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ စီးပွား ရေးလုပ်ငန်းရှင်များ မူပိုင်ခွင့် ဆိုင်ရာ အသိပညာ ဗဟုသုတ များ တိုးပွားစေရန်နှင့် မူပိုင်ခွင့် စနစ်၏ အကျိုးကျေးဇူးများကို သိရှိနားလည်နိုင်စေရန် ရည်ရွယ် ၍ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရ သည်။

ဆွေးနွေးပွဲသို့ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း နှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့် ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ အသင်းအဖွဲ့များက တာဝန်ရှိသူ များ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း ရှင်များ တက်ရောက်ကြသည်။

ဆန်းကျော်ဦး

(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ