နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျပန်စစ်အတွင်း နစ်နာသူများကို တောင်ကိုရီးယားအစိုးရက လျော်ကြေးပေးမည်

ဆိုးလ် မတ်  ၈

တောင်ကိုရီးယားသည် ဂျပန်စစ် အတွင်း အတင်းအဓမ္မ  ခိုင်းစေခံရသူများ နှင့် နစ်နာသူများအား လျော်ကြေးငွေ ပေးမည်ဖြစ်ကြောင်း မတ် ၇ ရက်တွင် ကြေညာသည်။

ကိုရီးယားနိုင်ငံအား ဂျပန်အုပ်ချုပ် သည့် ၃၅ နှစ်ကာလအတွင်း ကိုရီးယား လူမျိုး ၇၈၀,၀၀၀ ခန့်သည် ဂျပန် ကုမ္ပဏီများ၏ အတင်းအဓမ္မ ခိုင်းစေ ခြင်းကို ခံခဲ့ရကြောင်း သမိုင်းအချက် အလက်များတွင် ဖော်ပြထားသည်။

တောင်ကိုရီးယားအစိုးရသည် အများပြည်သူပိုင် ဖောင်ဒေးရှင်းမှ တစ်ဆင့်လျော်ကြေးငွေများကို ပေးအပ် သွားမည်ဖြစ်ပြီး အထက်ပါ လျော်ကြေး ငွေအစီအစဉ်ဖြင့် ဂျပန်နှင့် ၎င်းတို့ကြားရှိ အားနည်းနေသော ဆက်ဆံရေးကို ပြန် လည်မြှင့်တင်လိုခြင်းဖြစ်ကြောင်း နိုင်ငံ ခြားရေးဝန်ကြီးက ပြောသည်။

အထူးသဖြင့် မြောက်ကိုရီးယား၏ နျူလက်နက်ဆိုင်ရာ ခြိမ်းခြောက်မှုများ ကြီးမားလာသည့် အခြေအနေ၌ လုံခြုံ ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု များကို မြှင့်တင်ရန်အတွက် အမေရိကန် ၏ တွန်းအားပေးမှုများကြောင့် ယခု ကဲ့သို့ စီစဉ်နေခြင်းဖြစ်ကြောင်း သိရ သည်။                               

(ref: CNA)







အခြားဆက်စပ်သတင်းများ