နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာစစ်လက်ကျန် သယ်ယူပို့ဆောင်ရေး ယာဉ်များ ဖျက်သိမ်းမည့် အစီအစဉ်ကို ဖိလစ်ပိုင်ယာဉ်မောင်းများ ဆန္ဒပြ

မနီလာ  မတ် ၈

ဖိလစ်ပိုင်အစိုးရသည် ဒုတိယ ကမ္ဘာစစ်လက်ကျန် ဂျစ်ကားများနှင့် အိုဟောင်းနေသည့် အများသုံး သယ်ယူ ပို့ဆောင်ရေးယာဉ်များ ဖျက်သိမ်း မည့်  အစီအစဉ်ကို ကြေညာပြီး နောက်  ယင်းကို နိုင်ငံအတွင်းရှိ ယာဉ်မောင်းများက ကန့်ကွက် ဆန္ဒပြ လျက်ရှိကြောင်း သိရသည်။

ဆန္ဒပြယာဉ်မောင်းများနှင့် ထောက်ခံသူများသည် အစိုးရ၏ အစီ အစဉ်ကို ဆန့်ကျင်သည့်အနေဖြင့် ဆူညံစွာစုဝေးခဲ့ကြပြီး မြို့တော် မနီလာရှိ လမ်းမပေါ်တွင် ခရီးသည် တင် ဂျစ်နီများနှင့် ဗင်ကားများကို ပိတ်ဆို့ရပ်တန့်ကာ ဆန္ဒပြခြင်း ဖြစ် ကြောင်း သိရသည်။

ဖိလစ်ပိုင် အစိုးရသည် အများ ပြည်သူ ဘေးကင်းရေးနှင်ံ့ ကာဗွန် ထုတ်လွှတ်မှု နည်းပါးသည့် ခေတ်မီ ယာဉ် များကို အစားထိုးရန် ရည်ရွယ် ခြင်း ဖြစ်သော်လည်း ဆင်းရဲသားယာဉ်မောင်း အများစုသည် အစိုးရကတိပြုထားသည့် ဘဏ္ဍာရေးအကူအညီနှင့် ခေတ်မီယာဉ် အသစ်များဝယ်ယူရန် မတတ်နိုင် ကြောင်း ပြောသည်။

ဒုတိယကမ္ဘာစစ်အပြီးအမေရိကန် တပ်များ ကျန်ရစ်ခဲ့သည့်ဒီဇယ်စွမ်း အင်သုံး ဂျစ်ကားများကို ပြန်လည် ပြုပြင်မွမ်းမံပြီးနောက် ဖိလစ်ပိုင် အခြေခံလူစားများအတွက် ဂျစ်နီ သယ်ယူပို့ဆောင်ရေးယာဉ်များအဖြစ် ဆယ်စုနှစ်များစွာကြာ  အသုံးပြုခဲ့ သည်။      (ref: Reuters)







အခြားဆက်စပ်သတင်းများ