နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗစ် စတင်ဖြစ်ပွားသည့် ဇစ်မြစ်ကို ဝိုင်းဝန်းထုတ်ဖော်ရန် နိုင်ငံတကာသို့ WHO တောင်းဆို

ဂျီနီဗာ မတ်  ၈

ကိုဗစ်ကူးစက်ရောဂါ စတင်ဖြစ် ပွားသည့် မူလဇစ်မြစ်နှင့်ပတ်သက်၍ ကမ္ဘာ့နိုင်ငံများအနေဖြင့် စုံစမ်းသိရှိထား သမျှကို ထုတ်ဖော်ပြော ဆိုရန် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO က မတ် ၇ ရက် တွင် တောင်းဆိုလိုက်သည်။ 

တရုတ်နိုင်ငံ ဓာတ်ခွဲခန်းတစ်ခုက စတင်ခြင်းဖြစ်သည်ဟု အမေရိကန်၏ စွပ်စွဲချက်ကို တရုတ်ဘက်က ဒေါသတ ကြီး ငြင်းဆိုပြီး နောက် WHO က ယခုကဲ့သို့ နိုင်ငံတကာကို တောင်းဆို လိုက်ခြင်း ဖြစ်သည်။

WHO အနေဖြင့် နိုင်ငံတကာ အသိုင်းအဝန်းကို သတင်းအချက် အလက်များဝေမျှရန် တောင်းဆိုခြင်း သည် အပြစ်တင်ရန် မဟုတ်ဘဲ ကပ် ရောဂါ မည်သို့ စတင်ခဲ့သည်ကို နားလည် ပြီး နောင်ကာလများတွင် အလားတူ ကူးစက်ရောဂါ၊ ကပ်ရောဂါများကို ကြိုတင်ပြင်ဆင် ကာကွယ်တိုက်ဖျက် နိုင်ရန် ရည်ရွယ်ကြောင်း ဆိုသည်။

WHO သည် ကပ်ရောဂါ၏ ဇစ်မြစ်ကိုဖော်ထုတ်နိုင်ရန် လက်မလျှော့ ကြောင်း ပြောကြားထားပြီး တရုတ်နိုင်ငံ ကိုလည်း ကိုဗစ်အချက်အလက်များ မျှဝေရာတွင် ပွင့်လင်းမြင်သာမှုရှိရန် နှင့် လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ပြီး ရလဒ်များကို မျှဝေပေးရန် ဆက်လက်တောင်းဆိုမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကမ္ဘာတစ်ဝန်း ကိုဗစ် ကြောင့် သေဆုံးသူ ၆ ဒသမ ၈ သန်းကျော် နှင့် အတည်ပြုလူနာ ၇၅၈ သန်းကျော် ရှိပြီး WHO တာဝန်ရှိသူများသည် အမေရိကန်က တွေ့ရှိထားသည့် နောက်ထပ် အချက်အလက်များကို သိနိုင်ရန် ဂျီနီဗာရှိ အမေရိကန်မစ်ရှင်ထံ ဆက်သွယ်ထားကြောင်း သိရသည်။

(ref: AFP)






အခြားဆက်စပ်သတင်းများ