နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယန်း ၂၀၀ ဘီလီယံ တန်ဖိုးရှိ ဒုံးပျံကို ဖျက်ဆီး

တိုကျို  မတ် ၈

ဂျပန်နိုင်ငံတွင် H3 ဒုံးပျံအသစ်ကို မတ် ၇ ရက်က ပစ်လွှတ်ရန် ကြိုးပမ်း သော်လည်း ဒုတိယအဆင့်တွင် မအောင်မြင်သည့်အတွက် ဒုံးကျည်ကို ဖျက်ဆီးပစ်လိုက်ရကြောင်း သိရသည်။

အဆိုပါ ဒုံးပျံပေါ်တွင် ကမ္ဘာမြေ စောင့်ကြည့်လေလာရေး ဂြိုလ်တု တစ်ခုနှင့် စစ်ရေးလှုပ်ရှားမှုများကို စောင့်ကြည့်ရန် ကာကွယ်ရေးဌာန က တီထွင်စမ်းသပ်ထားသည့်  ရောင် ခြည် အာရုံခံကိရိယာကို သယ် ဆောင်ထားပြီး အောက်တိုဘာက လွှတ်တင်ရန် ကြိုးပမ်းခဲ့သည့် အသေး စား ဒုံးပျံတစ်ခု ပျက်ကျပြီးနောက် ဂျပန်အတွက် ယခုအကြိမ်သည် ဒုတိယမြောက် ရှုံးနိမ့်မှုဖြစ်ကြောင်း သိရသည်။

ယန်း ၂၀၀ ဘီလီယံ (ဒေါ်လာ ၁ ဒသမ ၄၇ ဘီလီယံ) အကုန်အကျခံ၍ တီထွင်ထားသည့် H3 ဒုံးပျံသည် အင်ဂျင်ပိုင်းဆိုင်ရာ ပြဿနာများကြောင့် ၂ နှစ်ကျော်သည်အထိ လွှတ်တင်ရန် နှောင့်နှေးခဲ့ပြီး ယခုလွှတ်တင် ချိန်တွင်လည်း အဆင်မပြေ ဖြစ်ခဲ့သည်။

ယခင်ထုတ်ခဲ့သည့်  H-2A ဒုံးပျံ များထက် ကြီးမားပြီး ပိုမိုသယ် ဆောင်နိုင်ရန် ဒီဇိုင်းထုတ် လုပ်ထား သော်လည်း ပစ်လွှတ်ချိန်တွင် ရည်ရွယ်ထားသည့်  မစ်ရှင်ကို အောင်မြင်စွာ  လုပ်ဆောင်နိုင်ရန် မျှော်လင့်ချက် မရှိခြင်းကြောင့် ဖျက် ဆီးပစ်လိုက်ခြင်းဖြစ်ကြောင်း သိရ သည်။                                   

(ref: NHK)







အခြားဆက်စပ်သတင်းများ