နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ဘုတလင်မြို့နယ်တွင် သင်္ဘောသီးများ ဝယ်လက် မလာ၍ အရောင်းအဝယ် ကျဆင်း

ဘုတလင် ဇွန် ၁၉


စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ အုတ်အိုင်ကျေးရွာတွင် သင်္ဘောပင်များကို စီးပွားဖြစ် စိုက်ပျိုးထားသော်လည်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ရန်ကုန် ဝယ်လက်များ မလာ ရောက်သည့်အတွက် အရောင်းအဝယ် ကျဆင်းနေကြောင်း သင်္ဘောစိုက်တောင်သူ ဦးစန်းငွေထံမှ သိရသည်။


ဘုတလင်မြို့နယ်မှ ထွက်ရှိသည့် သင်္ဘောသီးကို ရန်ကုန်၊ မန္တလေးနှင့် ဖားကန့်တို့သို့ အစိမ်းသီးနှင့် အမှည့်သီး (၂)မျိုး တင်ပို့ပေးရပြီး သင်္ဘောသီးအစိမ်းကို နှစ်တင်းအိတ် တစ်အိတ်လျှင် ငါးထောင်ကျပ်နှုန်း ရောင်းချကာ သင်္ဘောသီးအမှည့်ကို အလုံးအရွယ်အစားပေါ် မူတည်၍ တစ်လုံးလျှင် သုံးရာကျပ်မှ ငါးရာကျပ် အထိ တင်ပို့ရောင်းချရသည်။


"မနှစ်ကတော့ သင်္ဘောပင်ကို (၂)ဧက စိုက်ပျိုးခဲ့တာ (၉၅)သိန်းလောက် ရရှိခဲ့ပါတယ်။ ဒီနှစ်ကတော့ သင်္ဘောသီးကို ခြောက်ဘီးကားနဲ့ (၅)စီး ရောင်းခဲ့တာ သိန်း(၅၀)လောက်ပဲ ရတယ်။ ကိုဗစ်-၁၉ ရောဂါကြောင့် အရင်းရခဲ့ပေမယ့် အမြတ်ကတော့ သိပ်မကျန်ခဲ့ဘူး။ အခုနောက်ပိုင်း အပင်တွေကိုလည်း မပြုစု ဖြစ်တော့ဘူး။ ပုံမှန် အစိမ်းခူးရမယ့် အသီးတွေကိုလည်း မခူးဘဲထားတော့ မှည့်ပြီး ပျက်စီးကုန်ပြီ"ဟု အုတ်အိုင်ကျေးရွာမှ သင်္ဘောစိုက်တောင်သူ ဦးစန်းငွေက ပြောသည်။


သင်္ဘောပင်ကို အပင်(၇)လသက်တမ်းတွင် အသီး စတင်ခူးဆွတ်လေ့ရှိကာ သင်္ဘောပင်၏ သက်တမ်းကို (၂)နှစ်သားအထိ ထားလေ့ရှိပြီး ဘုတလင်မြို့နယ်တွင် သင်္ဘောပင်ကို အုတ်အိုင်ကျေးရွာတွင်သာ စီးပွားဖြစ် စိုက်ပျိုးကြကြောင်း သိရသည်။


မင်းမြတ်






အခြားဆက်စပ်သတင်းများ