နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူတစ်သန်းကျော်နေထိုင်သည့် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်း မီးလောင်မှုဖြစ်ပွား

ဒါကာ မတ် ၇

လူဦးရေတစ်သန်းကျော် နေထိုင် သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်း ကော့ဘဇာခရိုင်ရှိ ဒုက္ခသည်စခန်း မီးလောင်မှုဖြစ်ပွားခြင်းကြောင့် လူဦးရေ ၁၂,၀၀၀  ကျော် အိုးမဲ့အိမ်မဲ့ဖြစ်နေ ကြောင်း ဒေသခေါင်းဆောင် က မတ် ၆ ရက်တွင် ပြောသည်။

ဒုက္ခသည်များထားရှိသည့် အချို့ နေရာများသည် မီးသတ်သမားများ ဝင်ရောက်ရန် ခက်ခဲခြင်းကြောင့် တဲအိမ်ပေါင်း  ၃,၀၀၀ ထက်မနည်း မီးလောင်ဆုံးရှုံးသွားကြောင်း  ဒုက္ခသည် စခန်း ခေါင်းဆောင် ဆူလေအူလာဒ်က ပြောသည်။

တာဝန်ရှိသူများသည် လူအများ အပြားကို ဘေးလွတ်ရာသို့ ခေါ်ဆောင် ခဲ့သော်လည်း အသေအပျောက်ရှိနိုင်ပြီး မီးလောင်မှုဖြစ်ပွားရသည့် အကြောင်း အရင်းကို မသိရသေးကြောင်း ဒေသတွင်း ရဲအရာရှိ ဖာရူကီ အာမက်က ဆိုသည်။

လက်ရှိတွင် အာဏာပိုင်များသည် နေအိမ်ဆုံးရှုံးသွားသူများအတွက် စားနပ်ရိက္ခာနှင့် ယာယီတည်းခိုစရာများ ပေးအပ်နိုင်ရန် နိုင်ငံတကာနှင့် ပြည် တွင်း လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ  အဖွဲအစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း သိရ သည်။

ကော့ဘဇာခရိုင်ရှိ ဒုက္ခသည် စခန်း များသည် မကြာခဏ မီးလောင်မှု ဖြစ်ပွားလေ့ရှိပြီး ၂၀၂၁ ခုနှစ် မတ်လ အတွင်း မီးလောင်မှုဖြစ်စဉ်တွင် ဒုက္ခ သည် ၁၅ ဦး သေဆုံးပြီး နေအိမ် ၁၀,၀၀၀ ကျော် ပျက်စီးခဲ့ကြောင်း သိရသည်။

(ref: BBC)







အခြားဆက်စပ်သတင်းများ