နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်သံရုံး ရုံးခွဲရှေ့ အစ္စရေးပြည်သူများ ဆန္ဒဖော်ထုတ် တောင်းဆို

ဂျေရုဆလင်  မတ် ၇

အစ္စရေးနိုင်ငံ၊  တဲလ်အဗစ်မြို့ရှိ အမေရိကန်သံရုံး  ရုံးခွဲရှေ့တွင် ဝန်ကြီးချုပ်၏ အငြင်းပွားဖွယ်ရာ တရားရေးကဏ္ဍ ပြင်ဆင်ပြောင်းလဲ မှုကို ကူညီဟန့်တားပေးရန်ပြည်သူ များက သွားရောက်၍ စုရုံး တောင်း ဆိုနေကြကြောင်း သိရသည်။

ဆန္ဒဖော်ထုတ်သည့် ပြည်သူများ သည် မတ် ၆ ရက်တွင် ဗုံများတီးရင်း အစ္စရေးအလံကို ဝှေ့ယမ်းကြပြီး နေတန်ယာဟု၏ ရုပ်ပြောင်ပါသည့် စာတန်း ပိုစတာများကိုလည်း  ကိုင် ဆောင်ထားကြကြောင်း တွေ့ရ သည်။

ထို့ပြင် ဆန္ဒဖော်ထုတ်သူ အချို့ သည် အစ္စရေး၏ ဒီမိုကရေစီကို ကယ်တင်ပေးပါဆိုသည့် ပိုစတာများ  ကို ကိုင်ဆောင်ထားပြီးအစ္စရေး အစိုးရ သည် ပြည်သူလူထုကန့်ကွက်  နေသည့်ကြားက နိုင်ငံ၏ တရားရေး ကဏ္ဍ  ပြင်ဆင်ပြောင်းလဲမည့် ခြေလှမ်း ကို ရှေ့တိုး ဆောင်ရွက်နေ ကြောင်း သိရသည်။

(ref: CNN)






အခြားဆက်စပ်သတင်းများ