နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယူကရိန်းကို စစ်ရေးအကူအညီ ဒေါ်လာသန်း ၄၀၀ ထပ်ပေးမည်ဟု ကန် ပြောကြား

ဝါရှင်တန် မတ် ၇

ရုရှား ယူကရိန်းစစ်ပွဲအတွက် အမေရိကန်က ယူကရိန်းကို နောက် ထပ် စစ်ရေးအကူအညီ ဒေါ်လာ သန်းပေါင်း ၄ဝဝ ထပ်မံပေးအပ်မည် ဖြစ်ကြောင်း မတ် ၆ ရက်က ကမ်း လှမ်းလိုက်သည်။ 

အနောက်နိုင်ငံများအနေဖြင့် ယူကရိန်းကို လက်နက်အကူအညီများ ပေးခြင်းသည် ရုရှားထိုးစစ်ကို တန်ပြန်ရန်နှင့်  ဆုံးရှုံးသွားသည့် နယ်မြေများ  ပြန်လည်ရရှိစေရန် အဓိက ဖြစ်သော်လည်း ယခုကဲ့သို့ လက်နက်အကူအညီများ ပေးနေ ခြင်းသည် ယူကရိန်းစစ်ပွဲ ပဋိပက္ခ ကို ပိုမိုကြာရှည်စေပြီး  ယူကရိန်း ပြည်သူများအတွက် ဝမ်းနည်းဖွယ် အကျိုးဆက်များသာ ဖြစ်စေမည်ဟု ရုရှားက ပြောသည်။ 

ရုရှားဘက်က သတိပေးချက်များ ထုတ်ပြန်နေသော်လည်း အမေရိကန် ကမူ လျစ်လျူရှုထားပြီး ရုရှားတပ်ဖွဲ့ များကို တိုက်ခိုက်ရာတွင် ထိရောက် မှု ရှိသည့်  HIMARS ဒုံးကျည်ပစ် စနစ်များအပါအဝင် စစ်ရေး အကူအညီ များ ထပ်မံပေးအပ်ရန် ကြေညာလိုက် ခြင်းဖြစ်သည်။

အမေရိကန်နှင့်  ဂျာမနီတို့သည် ယူကရိန်းကို တင့်ကားများ အကူအညီ ပေးရေးနှင့်ပတ်သက်ပြီး  သဘောထား ကွဲလွဲမှု ရှိခဲ့သော်လည်း နှစ်နိုင်ငံကြား မဟာမိတ် ဆက်ဆံရေးကို ပြသသည့် အနေဖြင့်  ဂျာမန်ဝန်ကြီးချုပ် အိုလက်ဖ်ရှိုးဇ်သည်  အမေရိကန်သို့ ပထမဆုံးအကြိမ် ရောက်ရှိနေကြောင်း သိရသည်။                       

(ref: Reuters)







အခြားဆက်စပ်သတင်းများ