နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကက်ရှ်မီးယားတွင် ပလတ်စတစ် နှင့် ရွှေ လဲလှယ်ပေးသည့် အစီအစဉ် ပြုလုပ်

ဆရီနာဂါ မတ် ၇

ကက်ရှ်မီးယားပြည်နယ် တောင်ပိုင်း ရွာတစ်ခုတွင် ရွာခေါင်းဆောင်သည် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်း ရန် ရွာသားများအား ပလတ်စတစ် အမှိုက်များ စုစည်းခိုင်းကာ ရွာလူကြီး ထံ၌ ရွှေပြားနှင့်လဲလှယ် ရယူနိုင်သည့် အစီအစဉ်ကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ  အစီအစဉ်အရ  ပလတ် စတစ်အမှိုက် ၂၀၀ ကီလိုဂရမ် ပြည့် လျှင် ရွှေပြားတစ်ပြားရမည်ဖြစ်ပြီး ယင်းအစီအစဉ်ကြောင့် နှစ်ပတ်တာ အတွင်း  ပလတ်စတစ် ကင်းမဲ့ရွာ အဖြစ် ကြေညာနိုင်ပြီဖြစ်ကြောင်း  ရွာခေါင်းဆောင်က ပြောသည်။

အဆိုပါရွာသည် ကက်ရှ်မီးယား ဒေသ၌ ပလတ်စတစ်ကင်းစင်သည့် ပထမဆုံးရွာဖြစ်ပြီး ယခင်နှစ်များစွာက အတိုင်း မြစ်ချောင်းရေများလည်း ပြန် လည်ကြည်လင်သန့်ရှင်းလာကြောင်း သိရသည်။ လက်ရှိတွင် ရွာ၏ ပလတ် စတစ် ကင်းစင်ရေး အစီအစဉ် အောင်မြင် သဖြင့် ယင်းနည်းလမ်းအတိုင်း အခြား ဒေသများ၌ပါ ဆက်လက်ဆောင်ရွက် နိုင်ရန်အစိုးရက  လုပ်ဆောင်လျက်ရှိ သည်။                     

(ref: Bloomberg)






အခြားဆက်စပ်သတင်းများ