နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆန်စပါးဥပဒေ (မူကြမ်း) ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

ရန်ကုန် မတ် ၇

စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်း  ချုပ်တို့ ပူးပေါင်းကျင်းပသည့် "ဆန်စပါးဥပဒေ (မူကြမ်း)" ရှင်း လင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက ရန်ကုန်မြို့   လမ်းမတော်မြို့နယ် မင်းရဲ ကျော်စွာလမ်းရှိ UMFCCI ရုံးချုပ် မင်္ဂလာခန်းမ၌ ကျင်းပသည်။

အဆိုပါ ဆွေးနွေးပွဲတွင်  ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က အဖွင့်အမှာ စကားပြောကြားပြီး စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး  ဝန်ကြီးဌာန စားသုံးသူရေးရာ ဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ်     ဦးခင်မောင်လှိုင်က ဆွေးနွေးပွဲကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ရှင်းလင်း တင်ပြဆွေးနွေးပြီး ဥပဒေ မူကြမ်းအား power Point ဖြင့် စားသုံးသူရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးထက်ဝင်းအောင်က ရှင်းလင်း  တင်ပြသည်။

ယင်းနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက အကြံပြုဆွေးနွေးတင်ပြကြရာ တာဝန်ရှိသူများက ပြန်လည် ရှင်း လင်းဖြေကြားခဲ့ကြောင်း သိရသည်။ 

အောင်မြင့်ဌေး






အခြားဆက်စပ်သတင်းများ