ပုသိမ် ဇွန် ၁၉
ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့အား လမ်းကွန်ရက်တို့ဖြင့် ဆက်သွယ်သွား လာရာတွင် အရေးပါသောမြစ်ကူးတံတားတစ်စင်းမှာ ဝါးခယ်မမြို့နယ်ရှိ လမ်းအမှတ် (၁ဝ)၊ ဘိုကလေး-မော်လမြိုင်ကျွန်း-ကျုံမငေး- ဝါးခယ်မ- မြောင်းမြ- လမ်းမိုင်တိုင်အမှတ် (၂၂/၄) ပေါ်ရှိ ကျွန်းပြာသာဒ် မြစ်ကူးတံတားကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့ (၂) ညောင်ဦးက တာဝန်ယူ တည်ဆောက်လျက်ရှိရာ ဇွန် ၁၈ ရက်ထိ ၈၅ရာခိုင်နှုန်းတည်ဆောက်ပြီးစီးနေပြီဖြစ်ကြောင်း တွေ့ရစဉ်။
ကျော်ဆန်းမြင့်(ပြန်/ဆက်)