နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဟောင်ကောင်-ရန်ကုန်ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်ကိုယခုလကုန်ပိုင်းတွင် ပျံသန်းပြေးဆွဲမည်

ရန်ကုန်   ဇွန်  ၁၉

မြန်မာအမျိုးသားလေကြောင်း (MNA)နှင့် ဟောင်ကောင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့ ပူးပေါင်းစီစဉ်ဆောင်ရွက်မှုဖြင့် ယခုကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ကူးစက်ကာလအတွင်း ဟောင်ကောင်-ရန်ကုန်ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်(Relief Flight)ကို ယခုလကုန်ပိုင်းတွင် ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ် ကြောင်း သိရသည်။


ဟောင်ကောင်မြို့နှင့် အနီးပတ်ဝန်းကျင်ဒေသများတွင်ရောက်ရှိနေကြသည့် နေရပ်သို့ပြန်လိုကြသော မြန်မာနိုင်ငံသားများအတွက် အဆင်ပြေစေရန် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ ဟောင်ကောင်-ရန်ကုန် ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်(Relief Flight)အား ပျံသန်းပြေးဆွဲရန် စီစဉ်ရခြင်းဖြစ်ကြောင်းမြန်မာအမျိုးသားလေကြောင်း(MNA)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ဟောင်ကောင်-ရန်ကုန် ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်(Relief Flight)သည် ဇွန် ၂၉ ရက်၊ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်တွင် ဟောင်ကောင်မြို့မှစတင်ထွက်ခွာမည်ဖြစ်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့  ညနေ ၃ နာရီ ၂၀ မိနစ်တွင် ရောက်ရှိမည်ဖြစ်သည်။


ယင်း Relief Flight ခရီးစဉ်တွင် သက်ဆိုင်ရာအာဏာပိုင်များက စစ်ဆေးဆောင်ရွက်ပြီး ခွင့်ပြုသူများကိုသာ ကန့်သတ်ထားသော ခရီးသည်အရေအတွက်အတိုင်း လိုက်ပါစီးနင်းခွင့်ပြုမည်ဖြစ်ကြောင်း၊ အသေးစိတ်အချက် အလက်များသိရှိလိုပါက ဖုန်းနံပါတ် +852 55736793 နှင့် +852 28611811 တို့ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင် ကြောင်း သိရသည်။

ထို့အပြင် မြန်မာအမျိုးသားလေကြောင်း(MNA)မှ ထပ်မံပြေးဆွဲပေးမည့် ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ် များအတွက်လည်း သက်ဆိုင်ရာ အစိုးရဌာနများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိရာ အတည်ပြုချက်များရရှိပါက ထပ်မံအသိပေး ကြေညာသွားမည်ဖြစ်ကြောင်း  သိရသည်။                              

                                                                                                                         

ကိုဆောင်း(ဥက္ကလာ)






အခြားဆက်စပ်သတင်းများ