နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယခုနှစ်တွင် စစ်တွေမြို့နယ်၌ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်း တစ်သောင်းငါးထောင်ကျော်အထိ ထုတ်ချေးပေးသွားမည်

စစ်တွေ  ဇွန်  ၁၉

ယခုနှစ်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၌ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်း တစ်သောင်း ငါးထောင်ကျော်အထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (စစ်တွေဘဏ်ခွဲ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


စစ်တွေမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၂၆ စုမှ စုစုပေါင်းတောင်သူဦးရေ ၁၉၀ဝ ကျော်၏ မိုးစပါး စိုက်ဧက ၁၀ဝ၀ဝ ကျော်အတွက် စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်းတစ်သောင်းငါးထောင်ကျော်အထိ ထုတ်ချေးပေးသွားရန် စီစဉ်ထားခြင်းဖြစ်သည်။

ယခုလက်ရှိတွင် မိုးစပါးစိုက်ဧကပေါင်း ၅၀ဝ၀ ကျော်အတွက် ကျပ်သိန်းပေါင်း ၇၅၀ဝ ကျော်အထိ ထုတ်ချေးပေးထားပြီဖြစ်ပြီး  ထိုသို့ စိုက်ပျိုးစရိတ်များ ထုတ်ချေးရာတွင်  လယ်တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်းဖြင့် ချေးငွေများချထားပေးသည့်အပြင် ယခုနှစ်တွင် တောင်သူလယ်သမားများအတွက် အတိုးနှုန်းသက်သာစေရန် ပြီးခဲ့သည့်နှစ်က ချေးငွေအတိုးနှုန်း ၈ရာခိုင်နှုန်းအစား ၅ရာခိုင်နှုန်းသို့ ပြောင်းလဲသတ်မှတ်ထားကြောင်း သိရ သည်။


သို့ရာတွင် ချေးငွေအဟောင်းဆပ်ပြီးသူများကိုသာ ချေးငွေအသစ်ထုတ်ချေးပေးသွားမည်ဖြစ်ရာ အချို့သော ချေးငွေအဟောင်းဆပ်ရန် ကျန်ရှိနေသေးသော တောင်သူလယ်သမားများအနေနှင့် ချေးငွေအသစ်ရရှိရန် အခက်အခဲများရှိနေကြောင်း၊ သက်ဆိုင်ရာမှ စာရင်းများအရ လက်ရှိတွင် စစ်တွေမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၆ စုခန့်မှ တောင်သူလယ်သမားအချို့၏ ပြီးခဲ့သည့်နှစ်က ချေးယူခဲ့သော မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်း ၅၀ဝ ကျော်ပေးဆပ်ရန် ကျန်ရှိနေသေးကြောင်း သိရသည်။

(ဆောင်းဦး)






အခြားဆက်စပ်သတင်းများ