နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယူကရိန်းတွင် ငွေစက္ကူသစ် ထုတ်ဖော်ပြသ

ကီယက်ဗ်  ဖေဖော်ဝါရီ ၂၅

ယူကရိန်း ဗဟိုဘဏ်က နိုင်ငံအတွင်း ငွေစက္ကူအသစ်ကို ထုတ်ဖော်ပြသလိုက်သည်။ 

ငွေစက္ကူ၏ တစ်ဖက်တစ်ချက်တွင် ယူကရိန်း နိုင်ငံတော်အလံကို လွှင့်ထူထား သည့် စစ်သားသုံးဦးကို သရုပ်ဖော်ထားပြီး အခြားတစ်ဖက်တွင်မူ တိပ်နှင့်ချည်ထားသည့် လက်နှစ်ဖက်ပုံကို သရုပ်ဖော်ထားသည်။

ဗဟိုဘဏ်သည် အဆိုပါ ငွေစက္ကူကို ဒီဇိုင်းထုတ်ရန်နှင့်  ထုတ်လုပ်ရန်အတွက်  ရှစ်လခန့် အချိန်ယူခဲ့ရပြီး ရုရှားတပ်ဖွဲ့ဝင်များ ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများကို ဖော်ပြရန် ထုတ်လုပ်ခြင်းဖြစ်ကြောင်း သိရ သည်။ 

ထို့ပြင် ယူကရိန်းဗဟိုဘဏ်သည် စစ်ပွဲမှတ်တမ်းများကို ကူညီထိန်းသိမ်းရန် အတွက် ငွေစက္ကူအသစ်များ ထပ်မံထုတ် လုပ်ရန် စီစဉ်ထားကြောင်း သိရသည်။


(ref: Reuters)






အခြားဆက်စပ်သတင်းများ